Monday 12 December 2022

ညီမင်းညို - နွေဦးကိုယ်ထည်

⛙ကိုယ့်မှာ ညစဥ် ခေါင်းကို သေနတ်နဲ့ 
⛙တရစပ် အပစ်အခတ်ခံရတဲ့ ခြောက်အိမ်မက်တွေချည်း။
⛙ကိုယ့်အလှည့်ဆိုပြီး သူတို့မျက်နှာကို စေ့စေ့ကြည့် 
⛙လက်ညိုးကို အားပါးတရ ကွေးလိုက်တော့ 
⛙သေနတ်ထဲက ရေတွေသာ ပန်းထွက်သွား။
⛙အိမ်မက်ထဲမှာတောင် 
⛙လူယုတ်မာတွေရဲ့ ရက်စက်မှုကို
⛙အမီမလိုက်နိုင်တဲ့ ကိုယ့်နှလုံးသား။
⛙တကိုယ်ရည် စိတ်ပျက်မိခြင်း လမ်းမများ။
⛙ညီမင်းညို


 

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...