Thursday 15 December 2022

သစ်ပင် ၅၄ - မီးပုံပွဲ


 #မီးပုံပွဲ


🙏သားကြီးက ရှေ့တန်းမှာ

🙏သားငယ်က စစ်ကြောရေး

🙏ရောက်နေတယ်

🙏လက်ဗလာပဲကျန်တယ်

🙏စားသောက်ဆိုင်မှာ

🙏ပုဂံဆေးတယ်

🙏အဝတ်လျှော်တယ်

🙏တစ်လမှာ တစ်ရက်နားတယ်

🙏သားကြီးဆီဖို့ပို့

🙏ရိက္ခာခြောက်တွေလုပ်တယ်

🙏မိခင်တစ်ယောက်ရဲ့နှလုံးသားဟာ

🙏မီးတောင်ကိုမြိုချထားရသလိုနေမှာ

🙏သူ့သတ္တိဟာ 

🙏ကျောက်ဆောင်ကျောက်သား

🙏သူ့မျက်ဝန်းက စိန်လိုတောက်ပလို့

🙏သံမဏိလို ခိုင်ခံ့လို့

🙏ချိုင့်ဝင်နေတဲ့ မျက်တွင်းထဲ

🙏စူးစူးရဲရဲ

🙏မီးတွေပုံထားသလို

🙏မီးပုံပွဲပါပဲ

ငါ

🙏အသက်ရှူဖို့မေ့လျှော့ခဲ့ရတယ်။


🙏သစ်ပင် ၅၄

၁၁။ဒီဇင်ဘာ။၂၀၂၂


🙏(တောင်ပေါ်မြို့လေးတစ်မြို့က

သူရဲကောင်းမိခင်သို့)🙏

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...