Friday 23 December 2022

“ငါတိုနိုင်ရင် ဒီ့ထက်ပိုပျော်ရမှာကွာ” ဟူသော စာတန်းပါသည့် sticker များဖြင့် ရန်ကုန်မြိုရှိ Bar နှင့် Club များတွင် လှုပ်ရှားမှုပြုလုပ်ခြင်း

“ငါတိုနိုင်ရင် ဒီ့ထက်ပိုပျော်ရမှာကွာ” ဟူသော စာတန်းပါသည့် sticker များဖြင့် ရန်ကုန်မြိုရှိ Bar နှင့် Club များတွင် လှုပ်ရှားမှုပြုလုပ်ခြင်း 


၂၃ ဒီဇင်ဘာလ ၂၀၂၂ ခုနှစ်


ရန်ကုန်မြိုရှိ လူအများ သွားရောက်လေ့ရှိသည့် Bar နှင့် Club များတွင် “ငါတိုနိုင်ရင် ဒီ့ထက်ပိုပျော်ရမှာကွာ” ဟူသော စာတန်းပါ sticker များ ကပ်၍ Yangon Revolution Force - YRF ( Soft Strike Community ) မှ ရဲဘော်များမှ လူထုအား လှုဆော်သည့် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြသည်။ 


အာဏာသိမ်းကာလ ၂ နှစ်နီးပါးရှိသည့်အချိန်ထိ မြန်မာနိုင်ငံရှိ ပြည်သူများစွာသည် အာဏာရှင်အားရွတ်ရွတ်ချွံချွံ ဆက်လက် တော်လှန်နေဆဲဖြစ်သည်။ မိမိတို၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တိုကို စွန့်လွှတ်ပြီး အာဏာရှင်ပြုတ်ကျသည်အထိ တိုက်ပွဲဝင်သွားမည့် နွေဦးတော်လှန်ရေး သူရဲကောင်းများစွာလည်း ရှိနေဆဲဖြစ်သည်။ မြန်မာပြည် အနယ်နယ်အရပ်ရပ်တွင် နွေဦးတော်လှန်ရေး အရှိန်မြင့်လျက်ရှိပြီး တော်လှန်ရေးအင်အားစုများသည်လည်း စစ်ကောင်စီတပ်ဖွဲဝင်များနှင့် အပေါင်းအပါတိုအား အားမာန်အပြည်ဖြင့် ဆက်လက်တော်လှန်တိုက်ခိုက်နေဆဲဖြစ်သည်။ သိုသော် အာဏာရှင်တို၏ ကြမ်းကြုတ်စွာ အကြမ်းဖက်ဖိနှိပ်ချုပ်ချယ်မှုကြောင့် ရန်ကုန်မြိုအပါအဝင် မြိုပြဒေသများတွင် ပြည်သူလူထုအနေဖြင့် နွေဦးတော်လှန်ရေးအား သိသာထင်ရှားစွာ ပါဝင်ပံ့ပိုးနိုင်မှု အားနည်းသည်။ သိုသော်လည်း တိတ်ဆိတ်စွာ ရရာနည်းလမ်းဖြင့် တော်လှန်အင်အားစုများအား ဆက်လက်ပံ့ပိုးနေသော မြိုပြနေပြည်သူ အမြောက်အများရှိနေသည်။ 


အပြင် ပုံပန်းသဏ္ဍာန်သာ ကြည့်မည်ဆိုပါက ရန်ကုန်မြိုသည် သွေးအေးနေပြီး ပုံမှန်အခြေနေအတိုင်း လည်ပတ်နေသလို ဖြစ်နေသည်။ အထူးသဖြင့် နှစ်ကုန်ခါနီး ယခုကာလတွင် ပွဲလမ်းသဘင်များစွာရှိနေပြီး စစ်ကောင်စီ၏ အကွက်ကျကျစီမံမှုဖြင့် ညဘက်အပန်းဖြေစရာ နေရာများသည်လည်း စည်ကားလျက်ရှိနေသည်။ ပြည်သူလူထုအနေဖြင့် အပန်းဖြေ၊ အနားယူခြင်းကို ကျွန်ုပ်တိုအနေဖြင့် အပြစ်မမြင်ပါ။ သိုသော် အပန်းဖြေ အနားယူသည့်အချိန်တွင် စစ်ကောင်စီနှင့် ဆက်စပ်နေသော Bar၊ Club၊ စားသောက်ဆိုင်၊ ခန်းမနှင့် တည်းခိုရာနေရာများအား ရှောင်ကျဉ်ကြရန်နှင့် ပွဲစီစဉ်သူများသည် စစ်တပ်နှင့်ဆက်နွယ်သူများဖြစ်ပါကလဲ မလွဲမသွေ boycott ကြပါရန်နှင့် ကျွန်ုပ်တိုအနိုင်ရပါက (နွေဦးတော်လှန်ရေးအောင်မြင်ပြီးပါက) ဒီ့ထက်အဆပေါင်းများစွာပိုပျော်ရမည်ဖြစ်ကြောင်းကိုလည်း သတိချပ်စေရန် အသိပေးသည့်အနေဖြင့် ယခုလှုပ်ရှားမှုအား ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 


ပြည်သူ့အရေးတော်ပုံ အောင်ရမည်။

Soft Strike Community 

Yangon Revolution Force - YRF

(ရန်ကုန်တော်လှန်ရေးအင်အားစု)

 

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...