ကိုယ်နဲ့ဆိုင်သလိုနေထားမှ နိုင်မယ့်တော်လှန်ရေး
Monday, 23 January 2023
Saturday, 21 January 2023
သစ်ပင် 54 - အာဏာပန
"အာဏာပန"
ဝင်သက်ကို ရှိုက်သွင်း
မှတ်ယူလိုက်တော့
ယမ်းနံ့တွေ သွေးညှီနံ့တွေ
နှာသီးဖျားပေါ်ထားလို့မရဘူး
တိုက်လေယာဥ်တွေ
လမ်းကုန်
ပြန့်နှံ့ ဝေ့ဆူသွားတယ်
ဘယ်အရာမှ မမြဲဘူး
တန့်နေတယ်။
သစ်ပင်-၅၄
Thursday, 19 January 2023
လွမ်းသူ - မီးလောင်ပြင်
ဘီယာဆိုင်ထဲက
Shopping Mall ထဲက
ရုပ်ရှင်ထဲက မဟုတ်ပါဘူးတကယ့်တော်လှန်ရေးထဲက
အဖြစ်အပျက်တွေပါ
ပြာကျနေတဲ့ရွာတွေ
ပြာကျနေတဲ့မြို့တွေ
အဲ့ဒီမှာလည်း လူတွေနေတာပါပဲ
နာကျင်တတ်ရုံ
ကိုယ်ချင်းစာတတ်ရုံနဲ့ မပြီးဘူး
တော်လှန်ရဲဖို့လည်း လိုရဲ့ပေါ့
ခုထိငြိမ်နေကြရင်
သားစဉ်မြေးဆက်ဘဝတွေဟာ
မီးလောင်ပြင်တွေပါပဲ
လွမ်းသူ
Tuesday, 17 January 2023
သစ်ပင်၅၄ - တော်လှန်သူများ
#တော်လှန်သူများ
ရေတံခွန်က လေတံခွန်လို
ထွက်မပြေးဘူး
ကျောက်သားထဲ
မြေသားထဲ
သူ့ဦးကင်းနဲ့ထိုးခွဲ
ရင့်ရင့်ရဲရဲ ရင်ဆိုင်တယ်။
#သစ်ပင်၅၄
Revolutionaries
Saturday, 14 January 2023
တော်လှန်ရေးပန်းတိုင်
Friday, 13 January 2023
မောင်လှမျိုး(ချင်းချောင်းခြံ)
Thursday, 12 January 2023
ဒေါင်း
Tuesday, 10 January 2023
ညီမင်းညို - နွေဦးတန်ဖိုး
ညီမင်းညို - ကောက်သစ်စားပွဲတော်
Monday, 9 January 2023
ညီမင်းညို - နွေဦးဈေးနူန်း
Wednesday, 4 January 2023
ထောင်၁၂နှစ်ချထားသော NLDဝန်ကြီး သူရဦးအောင်ကို ကို ယမန်နေ့ညက ပြန်လွှတ်
ထောင်၁၂နှစ်ချထားသော NLDဝန်ကြီး သူရဦးအောင်ကို ကို ယမန်နေ့ညက ပြန်လွှတ်
4 Jan 2023 by MPA
NLDအစိုးရ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကို ဇန်နဝါရီ ၃ ရက်နေ့ညပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။
NLD အစိုးရ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုသည် ထောင်၁၂နှစ်ချမှတ်ခံထားရသူဖြစ်ပြီး မည်သည့်ကြေညာချက်မှ ထုတ်ပြန်ခြင်းမရှိဘဲ စစ်အုပ်စုက ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ၊ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။
“ဦးအောင်ကိုက အင်းစိန်ထောင် ၁တိုက်ထဲကနေ မနေ့ညက ပြန်လွတ်လာပြီး ရဲအစောင့်အရှောက် နဲ့ အိမ်ပြန်ပိုပေးလိုက်တယ်လို သိရတယ်။သူက ကျန်းမာရေးလည်း တော်တော်မကောင်းဘူး”ဟု ၎င်းကပြောသည်။
ဇန်နဝါရီ၄ရက်နေ့သည် သူရဦးအောင်ကို၏ ၇၅နှစ်မြောက်မွေးနေ့လည်း ဖြစ်သည်။ “ညဘက် ထောင်ပိတ်ချိန်ကျမှ ပြန်လွှတ်တာလို ကြားရတယ်။ထောင်ဥပဒေအရကတော့ ထောင်ပိတ်ချိန်မှာ လွှတ်လိုမရဘူး။ဒါပေမဲ့ မင်းအောင်လှိင်လက်ထက်မှာ ဥပဒေဆိုတာ သူတိုပါးစပ်ပေါက်ပဲရှိတော့ လွှတ်တာပါပဲ”ဟု မဲဆောက်ရောက် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။
ဇန်နဝါရီ ၄ ရက်နေ့တွင် လွတ်ငြိမ်းသက်သာပေးမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ယနေ့ထုတ် စစ်အုပ်စုသတင်းစာထဲတွင် လွတ်ငြိမ်းခွင့် ထုတ်ပြန်ချက်ပါမလာသလို သူရဦးအောင်ကိုကလွဲ၍ တခြားနိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးသည်ဟု မကြားရသေးပေ။
သတင်းအပြည့်အစုံဖတ်ရန် >>>> https://bit.ly/3Z6rkzj
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
Photo -Wiki Myanmar
#ဦးအောင်ကို #သာသနာရေးဝန်ကြီး #လွတ်မြောက် #အင်းစိန် #ရန်ကုန် #စစ်ကောင်စီ #MPA .
[English Version]
NLD Minister, Thura U Oo Aung Ko, who was imprisoned for 12 years, was released last night
4 Jan 2023 by MPA
It is reported that the NLD Government's Union Minister, Thura U Aung Ko, was released by the terrorist SAC last night on 3 January.
U Tun Kyi, a member of Steering Committee of the former Political Prisoners' Association, said that “the NLD government's Minister of the Ministry of Religious Affairs, Tura U Aung Ko, was sentenced to 12 years in prison and was released by the SAC without any announcement”.
“I heard that U Aung Ko was released from Insein Prison No.1 last night and was sent home under police escort. He is also in very bad health," he said.
January 4 is also the 75th birthday of Thar U Aung Ko.
"I heard that he was released when the prison closed at night. According to the prison law, they cannot be released when the prison is closed. But under Min Aung Hlaing, the law was only their mouth, so they released," a former political prisoner in Mae Sot said.
It was reported that the SAC would pardon the prisoners on 4 January, but there was no announcement of the pardon in today's SAC’s newspaper. It has not been heard that other political prisoners will be released except for Thura U Aung Ko
Sunday, 1 January 2023
တော်လှန်နှစ်သစ်
တော်လှန်နှစ်သစ်
ပြည်သူများအားလုံး နှစ်သစ်မှစပြီး ကျန်းမာလုံခြုံကြပါစေ။
မျိုးဆက်စုံပါဝင်တဲ့ ခေတ်ပြောင်း၊ စနစ်ပြောင်း တော်လှန်ရေးမို့ ကျရာတာဝန်ထမ်းရင်း တစ်ယောက်ကျရင် နှစ်ယောက်ရှေ့ဆက်၊ သုံးယောက် တော်လှန်ရမှာပါပဲ။ ဒဏ်ရာတွေကို ခွန်အားအဖြစ် ပြောင်းလဲနိုင်ကြပါစေ။
သမ္မတကြီး၊ ဝန်ကြီးချုပ်ကြီးနဲ့ NUG အစိုးရအဖွဲ့အပါအဝင် ကျွန်ုပ်တို့ ကာကွယ်ရေးဝန်ကြီးဌာနမိသားစုအားလုံး သင်တို့နဲ့အတူတူ တာဝန်ကျေပွန်ဖို့ ကြိုးစားနေကြပါတယ်။
အားတင်းထားကြပါ။ အောင်ပွဲဟာ ကျွန်ုပ်တို့ လက်ထဲမှာ ရှိနေပါတယ်။
အားလုံးပဲ တော်လှန်နှစ်သစ်ပါလို့ ဆုမွန်ကောင်းတောင်းပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
Ministry of Defense
National University Government of Myanmar
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...

-
တပ်ရင်းမှူးများရဲ့အခန်းကဏ္ဍ အရေးကြီးပြီ …………………………………………… အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ ...
-
တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၈၂ မြို့ ▪︎PDF တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ ၈ မြို့ရှိလာ -ဒီပ/ People's ...
-
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...