#နွေဦးနာမည်
ထိန်လင်းဆိုတဲ့
ငယ်နာမည်ကို လိုက်ပြီးပေးကြတယ်
ဖေဖေါ်ဝါရီ ၁၃ နဲ့
မွေးနေ့တူအောင် လိုက်ပြီးမွေးကြတယ်
တချို့နာမည်တွေက
တသံသရာလုံး မမေ့တော့ဘူး
တချို့မွေးနေ့တွေက
တသက်လုံး မသေတော့ဘူး
နာမည်ကို လုပ်ယူလို့ မရဘူး
နာမည်ကို လုယူလို့ မရဘူး
နာမည်တကာ့နာမည်တွေထဲမှာ
လူထုနှလုံးသားကို
နွေးထွေးစေတဲ့ နာမည်တွေသာ
ကျက်သရေအရှိဆုံး
နာမည်တကာ့နာမည်တွေထဲမှာ
လူထုရင်ကို နာကျင်အောင်
နှိပ်စက်တတ်တဲ့ နာမည်တွေဟာ
ကျက်သရေအယုတ်ဆုံး
မိတ်ဆွေ
သင့်ရဲ့ နာမည်အမျိုးအစားလေး
သိပါရစေ
#ညီမင်းညို
14 2 2022 Mon am 2:10

နာမည် တကာနာမည်တွေထဲမှာ
ReplyDeleteလုထုနှလုံးသားကို နွေးတွေးစေတဲ့ နာမည်က ကျက်သရေအရှိဆုံး
My name is clicker Moeတိမ်ပန်းချီ
ReplyDelete