Friday 17 February 2023

ဒီမှာရုန်းထွက်ပါ


 အခက်အခဲမျိုးစုံ၊ ငြင်းပယ်လို့မရတဲ့ အ​ကြောင်းတရားမျိုးစုံ​တွေ​ကြောင့် စစ်​ကောင်စီယန္တရားအောက်မှာ ဆက်ပြီး အလုပ်လုပ်​နေရပါသလား...။ 


ပြည်သူ့ဘက်၊ အမှန်တရားဘက်ကို မျက်နှာမူလိုက်ဖို့ပဲ လိုပါတယ်။ အရာရှိ စစ်သည်​တွေ၊ ရဲတပ်ဖွဲ့ဝင်​တွေနဲ့ ဌာနအသီးသီးမှာ ရှိ​​နေကြတဲ့ ဝန်ထမ်း​တွေထဲက​နေ အမာခံသတင်း​ပေးပို့မယ့် ( ဖရဲသီး ) ​တွေအတွက် စိတ်ချလုံခြုံစွာနဲ့ လွယ်လင့်တကူ သတင်း​ပေးပို့နိုင်မယ့် လမ်း​ကြောင်းတစ်ခုကို ဖွင့်လှစ်ထား​ပါပြီ။ 


■ http://t.me/MyanmarPeople 


ဒီ Telegram Channel ကို ဆက်သွယ်ပြီး ​ပေးပို့ပါ။ ကိုယ်​ရေးအချက်အလက် လုံခြုံမှုအတွက် စိတ်ပူစရာ လုံးဝ ( လုံးဝ ) မလိုတဲ့အပြင် ​ပေးပို့လာတဲ့ သတင်းအချက်အလက် အဆင့်အတန်း​ပေါ်မူတည်ပြီး ချီးမြှင့်​ငွေ​တွေကိုပါ ခံစားခွင့်ရမှာ ဖြစ်ပါတယ်။ 


ဒါ့အပြင် ဒီလိုဆက်သွယ် သတင်း​ပေးပို့လာမယ့် ( ဖရဲသီး ) ​တွေအ​နေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကာကွယ်​ရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုမှုကို ရရှိထားမှာ ဖြစ်ပြီး ​တော်လှန်​ရေးအလွန်ကာလမှာလည်း ပြည်သူ့ရင်ခွင်ခိုလှုံ​ရေး အစီစဥ်ရဲ့ အကျိုးခံစားခွင့်​တွေကိုပါ ထပ်ပြီး ရရှိဦးမှာပါ။ 


စစ်​ကောင်စီယန္တရား​​အောက်မှာ ဟန်မပျက် အလုပ်လုပ်ပြီး ပြည့်သူ့ အမာခံ ( ဖရဲသီး ) အဖြစ် သတင်း​ပေးပို့ ပါဝင်ရင်း အကာအကွယ်​ပေးမှု အာမခံချက်ကို အမြန်ဆုံး ရယူထားဖို့ တိုက်တွန်းလိုက်ပါတယ်...။


ကာကွယ်ရေးဝန်ကြီးဌာန 

အမျိုးသားညီညွတ်ရေးအစိုးရ

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...