Wednesday 22 March 2023

တရုတ်သမ္မတရုရှားရောက်နေစဉ် ဂျပန်ဝန်ကြီးချုပ် ကြိုတင်ကြေညာမှုမရှိဘဲ ယူကရိန်းရောက်ရှိ


 တရုတ်သမ္မတရုရှားရောက်နေစဉ် ဂျပန်ဝန်ကြီးချုပ် ကြိုတင်ကြေညာမှုမရှိဘဲ ယူကရိန်းရောက်ရှိ

==========

တရုတ်သမ္မတရှီကျင့်ဖျင် ရုရှားနိုင်ငံကို ရောက်ရှိနေချိန်မှာပဲ ဝန်ကြီးချုပ် Kishida လည်း ယူကရိန်းကို ကြိုတင်ကြေညာခြင်းမရှိဘဲ အင်္ဂါနေ့ မတ် ၂၁ ရက်က ရောက်လာပါတယ်။ 


ယူကရိန်းကိုရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida က ရုရှားနဲ့ တရုတ်သမ္မတတို့ကြားတွေ့ဆုံဆွေးနွေးမှုတွေကို အနီးကပ်စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။


" ရုရှားရဲ့ကျူးကျော်စစ်ကြောင့် ယူကရိန်းနိုင်ငံထဲက ထိခိုက်ပျက်စီးမှုတွေကို ကျနော်သွားကြည့်ပြီး သမ္မတ Zelenskyy နဲ့ အမြင်ချင်းဖလှယ်ခဲ့ပါတယ်။ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး တရုတ်ထိပ်တန်း ခေါင်းဆောင်အဆင့်ထိ အခိုင်အမာဆက်သွယ်ပြောဆိုဖို့ ဆန္ဒရှိပါတယ်" လို့ ယူကရိန်းသမ္မတနဲ့ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် Kishida က အင်္ဂါနေ့မှာ ပြောဆိုသွားတာပါ။


တရုတ်သမ္မတရှီကျင့်ဖျင် ရုရှားနိုင်ငံကို ရောက်ရှိနေချိန်မှာပဲ ဝန်ကြီးချုပ် Kishida လည်း ယူကရိန်းကို ကြိုတင်ကြေညာခြင်းမရှိဘဲ အင်္ဂါနေ့က ရောက်လာပါတယ်။ လာမယ့် မေလမှာ စက်မှုအင်အားကြီး ၇ နိုင်ငံ G7 ညီလာခံကို ဥက္ကဋ္ဌအဖြစ်တာဝန်ယူမယ့် ဂျပန်ဝန်ကြီးချုပ် Kishida က ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့လည်း တွေ့ဆုံခဲ့သလို Bucha မြို့က စစ်ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေကိုပါ သွားရောက် ဂါရဝပြုခဲ့တာပါ။


မြို့တော် Kyiv နဲ့ သိပ်မဝေးတဲ့ Busha မြို့ဟာ အရပ်သားတွေအပေါ် ရုရှားတပ်ဖွဲ့တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လက္ခဏာတရပ် ဖြစ်လာပါတယ်။


Credit: VOA

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...