Saturday 4 March 2023

နွေဦးတော်လှန်ရေး ရန်ပုံငွေ ရုပ်ရှင် "လွတ်လပ်ခါမှ အမျှဝေမယ်" ထိုင်းနိုင်ငံတွင် ပြသမည်ဖြစ်ပြီး လက်မှတ်များ စတင်ရောင်းချ


 နွေဦးတော်လှန်ရေး ရန်ပုံငွေ ရုပ်ရှင် "လွတ်လပ်ခါမှ အမျှဝေမယ်" ထိုင်းနိုင်ငံတွင် ပြသမည်ဖြစ်ပြီး လက်မှတ်များ စတင်ရောင်းချ


ရန်ကုန်၊ မတ် ၄ 


နွေဦးတော်လှန်ရေး ရန်ပုံငွေ ရုပ်ရှင် "လွတ်လပ်ခါမှ အမျှဝေမယ်" ထိုင်းနိုင်ငံတွင် ပြသမည်ဖြစ်ပြီး လက်မှတ်များ စတင်ရောင်းချနေပြီဖြစ်ကြောင်း ရုပ်ရှင်ပြသရေးနှင့် ရန်ပုံငွေရှာဖွေရေး အဖွဲ့များက ပြောသည်။ 


ကရင်နီ ဒေသတွင် အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ ဇာတ်လမ်းဖြစ်သော "လွတ် လပ် ခါမှ အမျှဝေမယ်" ရုပ်ရှင်ကို ဒါရိုက်တာ နှင့် ထုတ်လုပ်သူ စိန်သီး၊ အောင်သော်က ရိုက်ကူးထားပြီး မြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်က ထောက်ပံ့ ကူညီပေးထားကြောင်း သိရှိရသည်။ 


ထိုင်းနိုင်ငံတွင် အဆိုပါ ရုပ်ရှင်ကို ပြသရန် KTJ Supporting Group ကတာဝန်ယူခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ ပါဝင် သရုပ်ဆောင်ထားကြောင်း သိရှိရသည်။ 


နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် အဆိုပါ ရုပ်ရှင်ကို လာမည့် မတ်လ၁၂ ရက်နေ့   


Span Sports Complex

98 Phutthamonthon Sai 4 Rd. Krathum 9 Krathum fell. Sam phran

တွင် 


နံနက် ပွဲစဉ် ၁ -(နံနက် ၁၁ နာရီ)

ပွဲစဉ် ၂-( မွန်းလွဲ ၁နာရီ)

ပွဲစဉ် ၃-(မွန်းလွဲ ၃နာရီ) ၃ ကြိမ်ခွဲ၍ ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 


ရုပ်ရှင်လက်မှတ်များကို KTJ Supporting Group တာဝန်ခံများထံ ပွဲစဉ်အလိုက် တိုက်ရိုက်ဆက်သွယ် ဝယ်ယူ အားပေးနိုင်ပြီး လက်မှတ် တစ်စောင် ၂၀၀ဘတ်နူန်းဖြင့် အားပေးနိုင်ကြောင်း၊ ရုပ်ရှင်ပြသမှုမှ ရရှိလာသည့် အမြတ်ငွေများကို MOD ကာကွယ်ရေးဝန်ကြီးဌာန နှင့် CDM အနုပညာရှင်များကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...