Wednesday 29 March 2023

မကွေးတိုင်းတွင် စစ်သင်တန်းဆင်းပွဲနှင့်အတူ ဒရုန်းနှင့်လက်နက်များပါ တပ်ဆင်ပေးအပ်


 မကွေးတိုင်းတွင် စစ်သင်တန်းဆင်းပွဲနှင့်အတူ ဒရုန်းနှင့်လက်နက်များပါ တပ်ဆင်ပေးအပ်


ရန်ကုန်၊ မတ် ၂၉ 


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းကွပ်ကဲ ရေးရုံး က ဦးစီး၍ မကွေးတိုင်းတွင် စစ်သင်တန်းဆင်းပွဲနှင့်အတူ ဒရုန်းနှင့် လက် နက်များပါ တပ်ဆင်ပေးအပ်ပွဲ၊ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။ 

 

မတ်လ ၂၇ ရက်နေ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ် ၁ စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှုသင်တန်း အပတ် စဉ် (၄) သင်တန်းဆင်းပွဲနှင့် လက်နက်ပေးအပ်ပွဲ အခမ်းအနားကို မကွေး တိုင်းတနေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါအခမ်းအနားတွင် ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ပေးပို့သော သဝဏ်လွှာအား ဖတ် ကြားခြင်း၊ မိန့်ခွန်းပြောကြားခြင်း၊ လက်နက်ပေးအပ်ခြင်း အစီအစဉ် များဆောင် ရွက်ခဲ့ပြီး သင်တန်းကာလအတွင်း လက်နက်ငယ်၊ လက်နက်ကြီး ကျွမ်းကျင်မှုဘာသာရပ်များ၊ Drone နှင့်စနိုက်ပါ သင်တန်းများကိုပါ ထည့်သွင်း သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။ 


စစ်သင်တန်းဆင်းပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မကွေးတိုင်း ကွပ် ကဲရေးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်ကွပ်ကဲရေးမှူးများ၊ တပ်ရင်းအသီးသီးမှ တပ်ရင်းမှူး၊ ဒုရင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းသား များက တော်လှန်ရေး သီချင်းများ သံပြိုင်ရွတ်ဆိုခြင်း၊ တပ်ရင်းတပ်ဖွဲ့များနှင့် ဒေသခံကျေးရွာများမှ စိတ်ဓာတ်မြှင့်တင်ရေးအစီအစဉ်များပြုလုပ်ခြင်းဖြင့် အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...