Friday, 3 March 2023

ဘုရားနီလမ်း သေနတ်ဖြင့် ဖြိုခွင်းခံရမှုကြောင့် ကျဆုံးခဲ့ရသော ကိုမင်းခန့်ကျော်(ဖိုးသဲ)


 ဘုရားနီလမ်း ဖြိုခွင်းခံရမှု ၂ နှစ် ပြည့်ပြီ

============================


စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဘုရားနီအနီး လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှုကြောင့် ဝမ်းဗိုက်သေနတ်ကျည်ထိကာ ကျဆုံးခဲ့ရသော ကိုမင်းခန့်ကျော် (ဖိုးသဲ)


ကိုမင်းခန့်ကျော် (ဖိုးသဲ) သည် ကျဆုံးချိန်တွင် အသက် ၁၇ နှစ်ရှိပြီး မုံရွာမြို့ ဂရုဏာ မြင့်မိုရ် ပရဟိတအသင်းမှ အသင်းသားတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။


ကိုမင်းခန့်ကျော်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် တက်တက် ကြွကြွ ပါဝင်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင်စုလမ်း၊ ဘုရားနီ အနီးတွင် ဆန္ဒပြသူ လူထုအား ရဲနှင့်စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းရာ ဝမ်းဗိုက်၌ သေနတ်ကျည်ထိမှန်ကာ ကျဆုံးခဲ့သည်။ 


မတ်လ ၄ ရက်နေ့တွင် မြို့မသုသာန်၌ ဂူသွင်းသဂြိုဟ်ခဲ့ကြောင်းသိရပါသည်။


တူမီးတော်လှန်ရေးစာစဥ်

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်မတီ

No comments:

Post a Comment

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...