Monday 10 April 2023

အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးကို တာဝန်ပေါ့ လျော့မှု ၊ အထက်က ပေးအပ်သည့် အမိန့်နှင့်တာဝန်ကို မကျေပွန်မှု၊ မလိုက် နာ မှုများဖြင့် ဖမ်းဆီး အရေး ယူ


 အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးကို တာဝန်ပေါ့ လျော့မှု ၊ အထက်က ပေးအပ်သည့် အမိန့်နှင့်တာဝန်ကို မကျေပွန်မှု၊ မလိုက် နာ မှုများဖြင့် ဖမ်းဆီး အရေး ယူ


ရန်ကုန်၊ ဧပြီ ၁၀ 


အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးသည် တာဝန် ပေါ့လျော့မှု ၊ အထက်က ပေးအပ်သည့် အမိန့်နှင့် တာဝန်များကို မလိုက်နာ မှုဖြင့် အကြမ်းဖက် မင်းအောင်လှိုင်က အရေးယူလိုက်ကြောင်း စစ်တပ် သ တင်း ရင်းမြစ်တချို့ထံမှ သိရှိရသည်။ 


ယခု မတ်လနှောင်းပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး ကို ရာထူးတာဝန်မှ ဖယ်ရှားလိုက်ပြီး ယင်းဖယ်ရှားမှုသည် ကရင် ပြည်နယ်တွင် မတ်လ ၂၅ ရက်နေ့ မြ၀တီကုန်သွယ်ရေးဇုန် အတိုက်ခံရခြင်း၊ မတ်လ ၂၈ ရက်နေ့ KNU တပ်မဟာ ၅ နယ်မြေရှိ မယ့်ခါထာ စခန်း ဆုံးရှုံးခြင်း အပါအဝင် စစ်ဆင်ရေးတာဝန်များကို ပျက်ကွက်မှု၊ ပေါ့လျော့မှု ၊ အထက်က ပေးအပ်ထားသည့် အမိန့်နှင့်တာဝန်များဖြစ်သည့် ကရင်ပြည်နယ်နှင့် မွန်ပြည် နယ်တွင် စစ်ဆင်ရေးများ အောင်မြင်အောင် မဆောင်ရွက်နိုင်မှုတို့ကြောင့် ရာထူးဖြုတ် ခုံရုံးတင် အမှုဖွင့် စစ်ဆေးခြင်း၊ အရေးယူမှု လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ 


"ရာထူးက ဖြုတ်ခံရပါတယ်။ စုံခုံဖွဲ့ပြီးတော့လည်း စစ်ဆေးမယ်။ ပြီးရင် အပြစ် ပေးအရေးယူမှု ရှိမယ်လို့ သိထားပါတယ်။ အဓိက ကရင်ပြည်နယ် အတွင်း စခန်း တွေကျတာ။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ လုံခြုံရေးကို ဖိဖိစီးစီး မဆောင် ရွက်နိုင်တာတွေအတွက် အဓိက အရေးယူခံရပါတယ်။ အရန်အင်အား ပြောင်းတာမဟုတ်ပါဘူး။ အရေးယူတာပါ။ တပ်တွင်းပုန်ကန်မှု လည်း မဟုတ် ပါဘူး။ သူ့တာဝန်ကို သူမကျေဘူးလို့ အထက်က သုံးသပ်ယူဆလို့ ဖမ်းဆီး အ ရေး ယူခံရတာပါ" ဟု ရန်ကုန်ခေတ်သစ်၏ တပ်သတင်းရင်းမြစ်က ပြောသည်။ 


ဗိုလ်ချုပ်မြတ်သက်ဦးသည် စစ်အာဏာသိမ်းမှု မတိုင်မီက တပ်မ ၇၇ ဗျူဟာ မှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြောက် ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်လည်းကောင်း၊ ၂၀၂၂ ခုနှစ် ဩဂုတ်လ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း ပြောင်းလဲ ခန့်အပ် ခံခဲ့ရသူဖြစ်သည်။  


၂၀၂၃ ခုနှစ် မတ်လနှောင်းပိုင်းတွင်မူ ရာထူးမှ ဖြုတ်ချကာ တာဝန်ပေါ့လျော့မှု ၊ တာဝန်မကျေပွန်မှု၊ အထက်က ပေးအပ်သည့် တာဝန်များကို မလိုက်နာမှုများ ဖြင့် ရာထူးချထား အရေးယူခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...