Tuesday 4 April 2023

ရေးမြို့နယ်၊ အယုတောင်ရွာ အုပ်ချုပ်ရေးမှူး အသွင်ယူထားသော ကြေးစား ပျူစောထီးကို ဖမ်းဆီးရရှိ


ရေးမြို့နယ်၊ အယုတောင်ရွာ အုပ်ချုပ်ရေးမှူး အသွင်ယူထားသော ကြေးစား ပျူစောထီးကို ဖမ်းဆီးရရှိ


■ တစ်လလျှင် ၅၀၀၀၀ ကျပ်ဖြင့် စစ်ကောင်စီထံတွင် အမှုထမ်းနေဟု ဝန်ခံ ထွက်ဆို


ရန်ကုန်၊ ဧပြီ ၄ 


မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး အ သွင် ယူထားသော ပျူစောထီးကို ဖမ်းဆီးရရှိပြီး စစ်ဆေးမှုများ လုပ် ဆောင် လျက်ရှိကြောင်း ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ် သစ်သတင်း ဌာန ထံသို့ ပြောဆိုသည်။ 


ကျေးရွာအုပ်ချုပ်ရေးမှူး အသွင်ယူထားသော ပျူစောထီးခေါင်းဆောင်ကို ယနေ့ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ အဆိုပါစစ်ဆေး မှုများအရ ထိုပျူစောထီးခေါင်းဆောင်သည် တစ်လလျှင် ငွေကျပ် ၅၀၀၀၀ ကျပ် ဖြင့် စစ်ကောင်စီအတွက် အလုပ်ပေးပေးနေသည်ဟု ဝန်ခံထွက်ဆိုကြောင်း သိရှိရသည်။ 


"သူက လင်းဦး၊ အယုတောင်မှာနေတယ်။ အုပ်ချုပ်ရေးမှူးအသွင်နဲ့နေတယ်။ သူ့ ကို လုပ်ပိုင်ခွင့်တွေပေးထားတယ်။ သူက ပျူပေါ့။ တပ်နာမည်တွေ၊ တပ် တွေ၊ ကိုယ်ပိုင် အမှတ်တွေမရှိဘူး။ သူ့ကို လုပ်ပိုင်ခွင့်ပေးထားတော့ လာနေ တာပေါ့။ ကြေးစားတွေပေါ့။ တစ်လ ၅၀၀၀၀ ပေးတယ်ဆိုတာ သူကိုယ်တိုင် လည်း ထွက်ဆိုထားတယ်။ ကျနော်တို့မှာ သက်သေဗီဒီယိုတွေ အချက်အလက် တွေ ရှိတယ်။ အဲဒါတွေပြီးရင်တော့ လုပ်စရာရှိတာ ဆက်လုပ်ရမှာပေါ့" ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရှင်းပြသည်။ 


 ရေးဘီလူးအဖွဲ့သည် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၊ ရဲ နှင့် ဌာနဆိုင်ရာများကို တော်လှန်တိုက်ခိုက်နေသော လက်နက်ကိုင် တော်လှန် ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်။ 

No comments:

Post a Comment

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ

 ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ ရန်ကုန်၊ စက်တင်ဘာ ၈  ပခုက္ကူမြို့နယ...