Sunday, 2 April 2023

ဆားတောင်မြို့တွင် လိုင်းကြေးကောက်နေသော ရဲများ ပစ် ခတ်ခံရပြီး ၂ ဦးသေဆုံး


 ဆားတောင်မြို့တွင် လိုင်းကြေးကောက်နေသော ရဲများ ပစ် ခတ်ခံရပြီး ၂ ဦးသေဆုံး


ရန်ကုန်၊ ဧပြီ ၂ 


စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့တွင် လိုင်းကြေးကောက်နေသော ရဲများ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးခဲ့ကြောင်း People’s Army to Fight Dictorship မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။


ယနေ့ ဧပြီလ ၂ ရက် နံနက် ၅ နာရီခန့်က ဆားတောင်မြို့ ရဲစ ခန်းမှ ရဲ ၁၅ ဦးခန့်သည့် နံနက်စောစော ခရီးသွားပြည်သူ့ကားများကို လမ်းပေါ်၌ လိုင်းကြေးထွက်ကောက်နေစဉ် အလစ်အ ငိုက်ဝင်ရောက်ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးပွဲချင်းပြီးသေ ဆုံး သွားပြီး အပြန်အလှန်ပစ်ခတ်မှု အနည်းငယ်ဖြစ်ပေါ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


“မနက်အစောကြီးဆိုရင် ဓာတ်မီးတွေနဲ့ ရပ်ရပ်ပြီးတော့ ပိုက် ဆံထွက်ထွက်ကောက်တာ၊ သူတို့က နှစ် ယောက် သုံးယောက်တွဲထွက်တာ၊ အဲဒီအချိန်မှာ လှမ်းပစ်တာ၊ အခုချိန်အထိ ဆားတောင်ဈေးတွေလဲ လိုက်ပတ်ရှာပြီးတော့ ပစ်နေတယ်၊ ပြည်သူတွေထိခိုက်မှုတော့ မရှိသေးဘူးလို့ လောလောဆယ်သတင်း ရပါတယ်” ဟု People’s Army to Fight Dictorship မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။


အဆိုပါတိုက်ခိုက်မှုကိုPeople’s Army to Fight Dictorshi- p (PADF) ၊ PADF တပ်ခွဲ Dog Killer PDF- MMU ၊ People’s Kinight Defence Force Myinmu (PKDF- MMU) နှင့် D.B.B.F- MMU စသည့် မဟာမိတ်တပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...