Wednesday 26 April 2023

ရွှေဘိုမြို့နယ်၊ ချီပါရွာ၌ တပ်စွဲထားသော စစ်တပ်ကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး


 ရွှေဘိုမြို့နယ်၊ ချီပါရွာ၌ တပ်စွဲထားသော စစ်တပ်ကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး


ရန်ကုန်၊ ဧပြီ ၂၅


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါရွာ၌ တပ်စွဲထားသော စစ်တပ်ကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၁ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ချီပါရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့များက စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။


" Sniper နှစ်လက် နဲ့ သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာ စစ်ခွေး ၁ ကောင် ငရဲရောက်သွားတယ်လို့ ပြည်သူတွေကို သတင်းကောင်း ပါးလိုက်ရပါတယ်။ ကျွန်တော်တို့ မဟာမိတ် ရဲဘော်တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်" ဟု ဗိုလ်ကျားရိုင်း-ရွှေဘို LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) အဖွဲ့နှင့်အတူ Flying Dragon Force (F.D.F)-SHWEBO၊ မတစ်ထောင်(တစ်ကောင်ဘွား)-ဒီပဲယင်း အဖွဲ့၊ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ C&T SHWEBO-LDF၊ MDF SHWEBO နှင့် ရွှေဘိုမြို့နယ် တိုက်နယ်-၂၊တိုက်နယ်-၅ မဟာမိတ်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ

 ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ ရန်ကုန်၊ စက်တင်ဘာ ၈  ပခုက္ကူမြို့နယ...