Friday 28 April 2023

ရေး-ထားဝယ်လမ်းမပေါ် ဘုရားမဲ့စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ စစ်သား ၁၅ ဦးခန့်တွင် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးကျော်သူဆွေ စနိုက်ပါ ထိမှန်သေဆုံး


 ရေး-ထားဝယ်လမ်းမပေါ် ဘုရားမဲ့စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ စစ်သား ၁၅ ဦးခန့်တွင် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးကျော်သူဆွေ စနိုက်ပါ ထိမှန်သေဆုံး


ရန်ကုန်၊ ဧပြီ ၂၈


တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ရေး-ထားဝယ်လမ်းမပေါ် ဘုရားမဲ့စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခံရမှုတွင် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကျော်သူ ဆွေ စနိုက်ပါထိမှန်သေဆုံးသွားကြောင်း ဥဩစစ် ကြောင်း (ထားဝယ်မြို့နယ်) ထံမှ သိရသည်။


ဧပြီလ ၂၃ ရက် နံနက် ၆ နာရီခန့်က ရေး-ထားဝယ်လမ်းမပေါ် မောင်မယ် ရှောင် ကျေးရွာအနီးရှိ ဘုရားမဲ့ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ ခမရ ၄၀၆ မှ တပ်ရင်း မှူး ဒုဗိုလ်မှူးကြီး ကျော်သူဆွေအပါအဝင် ၂ ဦး စနိုက်ပါ ထိမှန်ပြီး နေရာမှာပင် ပွဲချင်းပြီးသေဆုံး သည်ကို မျက်မြင်သိရှိရကြောင်း၊ အခြားအကြမ်းဖက်စစ်သား ၁၀ ဦးကျော် လည်း တိုက်ပွဲအတွင်း ထိမှန်သေဆုံးခဲ့ ကြောင်း သိရသည်။


ယင်းတိုက်ပွဲအတွင်းသေဆုံးသွားသော ဒုဗိုလ်မှူးကြီးကျော်သူဆွေအပါအဝင် သေဆုံးအလောင်းများကို နာရေးကား ၂ စီး၊ Double Cab အမျိုးအစားယာဉ် ၁ စီးဖြင့် သယ်ဆောင်သွားကြောင်း၊ ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့များဘက်မှ လည်း ရဲဘော်တစ်ဦး စိုးရိမ်ရဒဏ်ရာရရှိပြီး အခြား ၁၆ ဦးမှာ မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း ဥဩစစ်ကြောင်း (ထားဝယ်) မြို့နယ်ထံမှ သိရသည်။


ယင်းစစ်ဆေးရေးဂိတ်တိုက်ပွဲအား နေ့လည် ၂ နာရီခန့်တွင် စစ်ကူလာသော အကြမ်းဖက်စစ်ယာဉ်တန်း ကိုလည်း ရှေ့ထွက်မိုင်းဖြင့် ဖြတ်တောက်တိုက်ခိုက် ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုမသိရ သေးဟု ဆိုသည်။


အဆိုပါတိုက်ခိုက်မှုများကို ဥဩစစ်ကြောင်း(ထားဝယ်မြို့နယ်)မှ ဦးဆောင်ကာ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ထားဝယ်ခရိုင်တပ်ရင်း(၁)၊ Done တပ်ဖွဲ့၊ DGRF (ထားဝယ် ပကဖ) ၊ ဧဒင်မှူး(ထားဝယ်- ပကဖ) ၊ ဇင်ယော်တပ် စု (ရေဖြူ-ပကဖ) ၊ Mine Force PDF ၊ သံမဏိပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ် တပ်ဖွဲ့များ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဓာတ်ပုံ - အကြမ်းဖက်စစ်အရာရှိတစ်ဦး၏ အသုဘ။ (ပုံအဟောင်းဖြစ်ပါသည်။)

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...