Monday, 10 April 2023

ဖလမ်းမြို့နယ်၊ မဏိပူရမြစ်ပေါ်ရှိ ဗာရ်းစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်တပ်က တိုက်လေယာဉ် ဖြင့် ဗုံးကျဲမှုကြောင့် ဝေဘူလမြို့ပေါ်မှ ပြည်သူ ၁၁ ဦးသေဆုံး



ရန်ကုန်၊ ဧပြီ ၁၀ 


ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ မဏိပူရမြစ်ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဗာရ်းစခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သားအများအပြားသေဆုံးပြီး ဝေဘူလမြို့ပေါ်သို့ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၁၁ ဦးသေဆုံးခဲ့ကြောင်း CNO Upper Chindwin Region (ချင်းအမျိုးသားအဖွဲ့ ချုပ်၊ အထက် ချင်းတွင်းဒေသ) သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံ သို့ပြောကြားသည်။


ယနေ့ ဧပြီလ ၁၀ ရက် နံနက် ၅ နာရီခန့်က ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF မှ အဆိုပါ တပ်စ ခန်းအားဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သားအများအပြားသေဆုံးပြီး အရှင်ဖမ်းမိသူ များ လည်းရှိကာ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ်စခန်း အား မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး CNDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ ကြောင်း သိရသည်။


“စစ်ခွေးတွေ ဘယ်လောက်သေတယ်ဆိုတာ အတိအကျမသိရသေးဘူး၊ အရှင်ဖမ်းမိတာတော့ များတယ် ပြောတယ်၊ လက်နက်သိမ်းဆည်းမိတာလည်း များတယ်လို့ပဲ သိထားရတယ်၊ ဌာနချုပ်က သတင်းထုတ် ပြန်မှပဲ အတိအကျရနိုင်မယ်” ဟု CNO Upper Chindwin Region (ချင်းအမျိုးသာအဖွဲ့အထက် ချင်း တွင်းဒေသ) သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။


စခန်းသိမ်းပိုက်ခံရပြီးနောက် နံနက် ၈ နာရီခန့်တွင် တံတားဦးလေဆိပ်မှ အကြမ်းဖက်စစ်တပ် တိုက်လေ ယာဉ်တစ်စီးမှ ဗာရ်းရွာအနီးတဝိုက်ကို ဗုံး ၆ လုံးကျဲချတိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းတပ်ဆုတ်လာသည့် CNDF တပ်ဖွဲ့များကိုလည်း တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးမှ လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


အလားတူ ဗာရ်းရွာအနီးတဝိုက်ကို ဗုံးကျဲတိုက်ခိုက်ခဲ့သည့် တိုက်လေယာဉ် တစ်စီးမှ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ပေါ်ရှိ စာသင်ကျောင်းအနီးသို့ အကြောင်းမဲ့ ဗုံး ၂ လုံးကျဲချခဲ့ရာ အပြစ်မဲ့ပြည်သူ ၁၁ ဦး သေ ဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း CNO Upper Chindwin Region ထံမှ သိရသည်။

No comments:

Post a Comment

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...