Wednesday 19 April 2023

"၂ရက်တာတိုက်ပွဲအတွင်း စကစ(၂၄)ဦးသေဆုံး၊ (၂၃)ဦးဒဏ်ရာရ၊ လက်နက်များသိမ်းဆည်းရမိ"


 "၂ရက်တာတိုက်ပွဲအတွင်း စကစ(၂၄)ဦးသေဆုံး၊ (၂၃)ဦးဒဏ်ရာရ၊ လက်နက်များသိမ်းဆည်းရမိ"


 တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကော်ဘရာစစ်ကြောင်း(၂)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle၊ ရောင်နီ စသည်တို့ ပါဝင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ၂၇၅၊ ခမရ ၃၅၅၊ ခလရ၁၀၂၊ မ(၂)၊ ခလရ(၂၀၇)၊ BGF(၁၀၁၉)တပ်ရင်း တို့အား ရင်ဆိုင်တိုက်ပွဲများ ဆက်လက်ဖော်ဆောင်လျက်ရှိသည်။

 (၁၈.၄.၂၀၂၃) တွင် မဲကနယ်ကျေးရွာအနီး ကျောက်မိုင်းဒေသ၌ သန်းခေါင်ကျော်အချိန်မှစ၍ ရန်သူဘက်မှ လက်နက်ကြီးပစ်ကူယူ၍ နံနက် (၅)နာရီ အချိန်တွင် စစ်ကြောင်းထိုးတက်လာရာ နယ်မြေလုံခြုံရေးယူထားသော မိမိတို့ပူးပေါင်းတပ်ဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူ့ဘက်မှ (၄) ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာရခဲ့သည်။ ရန်သူ့ထံမှ 40mm (၁)လက်၊ အေကေ (၁)လက် အား သိမ်းဆည်းရမိခဲ့သည်။ ရန်သူဘက်မှ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်ခြင်းကြောင့် မိမိတို့ ပူးပေါင်းတပ်ဖွဲ့ဘက်မှ (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၁)ဦး မြင့်မြတ်စွာ ကျဆုံးခဲ့သည်။

 (၁၉.၄.၂၀၂၃) တွင် မဲကနယ်ကျေးရွာအနီး ကျောက်မိုင်းဒေသ၌ သန်းခေါင် ၁၂နာရီမှစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ရန်သူဘက်မှ စစ်ကြောင်းထိုးတက်လာရာ နယ်မြေလုံခြုံရေးယူထားသော မိမိတို့ ပူးပေါင်းတပ်ဖွဲ့များနှင့် နံနက် ၆ နာရီတွင် ထိတွေ့မှုတိုက်ပွဲ စတင်ခဲ့သည်။ ရန်သူဘက်မှ (၂၀) ဦး သေဆုံး၊ (၁၈) ဦး ဒဏ်ရာရခဲ့ပြီး အမ်အေ1 (၁)လက်၊ အမ်အေ2 (၁)လက်၊ အမ်အေ3 (၁)လက်၊ နာတိုပြောင်း (၁)ပြောင်း၊ 60mmကွန်မန်ဒိုပြောင်း (၁)ပြောင်း၊ 60mmပြောင်းရှည် (၁)ပြောင်း၊ နာတိုကျည် (၅၂၀)တောင့်၊ နာတိုကျည်ကြိုး (၁၂)ကြိုး၊ ကပစကျည် (၁၅၀၀)တောင့်၊ အေကေကျည် (၁၄၀)တောင့်၊ 60mm (၂၃)လုံး၊ အီနာဂါ (၁၈)လုံး၊ အီနာဂါပို့ကျည် (၂၀)တောင့်၊ 40mm (၃၉)လုံး၊ အမ်အေကျည်ဘောက် (၁၉)ဘောက်၊ အေကေကျည်ဘောက် (၁)ဘောက်၊ နင်းမိုင်း (၇)လုံး၊ လက်ပစ်ဗုံး (၂) လုံး အား သိမ်းဆည်းရမိခဲ့သည်။ ရန်သူဘက်မှ အကျအဆုံးများသဖြင့် ၈နာရီခွဲမှစ၍ လက်နက်ကြီးများနှင့် လေကြောင်းအသုံးပြုကာ (၅)ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့သဖြင့် မိမိတို့ကော်ဘရာစစ်ကြောင်းမှ ရဲဘော် (၁)ဦး မြင့်မြတ်စွာကျဆုံးခဲ့သည်။

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...