Thursday 13 April 2023

မင်းတပ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၈ ဦးသေဆုံးကာ စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီး


 မင်းတပ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၈ ဦးသေဆုံးကာ စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီး 


ရန်ကုန်၊ ဧပြီ ၁၂ 


ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၈ ဦးသေဆုံးကြောင်း CDF – Mindat မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ 


ဧပြီလ ၇ ရက် နံနက် ၇ နာရီခွဲခန့်မှ စတင်ကာ ၆ နာရီ မိနစ် ၂၀ အထိ မင်းတပ်မြို့နယ်၊ တိုက်နယ် ၁ တွင် CDF-MINDAT ၊ ယောပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်သား ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။


တိုက်ပွဲဖြစ်ပွားပြီးနောက် ည ၁၁ နာရီ ၃၀ မိနစ်ခန့်မှ ၁၂ နာရီ ၁၅ မိနစ်အထိ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ အနီးအနားကို တိုက်လေယာဥ် ဖြင့် ၈ ကြိမ်ဗုံးကျဲ ခဲ့ကြောင်း သိရသည်။


ဧပြီလ ၁၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် မင်းတပ်မြို့အနီး ၉ မိုင်ဘက်၌ အကြမ်းဖက် စစ်တပ်နှင့် CDF – Mindat တပ်ဖွဲ့တို့ တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ 


ဧပြီလ ၁၁ ရက် ည ၇ နာရီ ၄၆ မိနစ်တွင် အကြမ်းဖက်စစ်တပ်က မင်းတပ်မြို့၊ အမှတ် ၁‌ ကျေးရွာအနီး နှင့် ကျေးရွာအတွင်း ၄ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကျေးရွာဘုန်းကြီးကျောင်း ၁ ကျောင်း၊ လူနေအိမ် ၁ လုံးထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူများထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရသည်။


" အကြမ်းဖက် စစ်ကောင်စီ မင်းတပ်မြို့နယ်ထဲမှာ တိုက်ပွဲမရှိတဲ့ နေရာတွေပါ ဗုံးကျဲတိုက်ခိုက်နေတယ်။ သင်္ကြန်တွင်း ၁၀ ရက်နေ့နောက်ပိုင်း လေကြောင်းအထူးစစ်ဆင်ရေးတွေ လုပ်မယ်ဆိုတဲ့ သတင်းတွေ သိရတယ်။ ပြည်သူတွေအနေနဲ့ လူစုလူဝေး ရှောင်ကြဥ်ပါလို့ ပြောချင်တယ်" ဟု CDF – Mindat မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

No comments:

Post a Comment

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ

 ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ ရန်ကုန်၊ စက်တင်ဘာ ၈  ပခုက္ကူမြို့နယ...