Thursday, 27 April 2023
ဘီးလင်းပြည်တွင်းအခွန်ရုံး မိုင်းခွဲမှုကြောင့် ပျက်စီးပြီး ဝန်ထမ်းများ တက်စရာ ရုံးပျောက်ဆုံးကာ ကြောက်ရွံ့စိုးရိမ်နေ
ဘီးလင်းပြည်တွင်းအခွန်ရုံး မိုင်းခွဲမှုကြောင့် ပျက်စီးပြီး ဝန်ထမ်းများ တက်စရာ ရုံးပျောက်ဆုံးကာ ကြောက်ရွံ့စိုးရိမ်နေ
ရန်ကုန်၊ ဧပြီ ၂၆
မွန်ပြည်နယ်၊ ဘီးလင်းမြိုနယ်၊ ပြည်တွင်းအခွန်ဦးစီးဌာနရုံးကို ဧပြီလ ၂၅ ရက် နေ့ ည ၁၂ နာရီ ၁၀ မိနစ်အချိန် မိုင်းခွဲမှု ဖြစ်ပွားပြီး ရုံး၏ နေရာအများစု ပြိုကျ ပျက်စီးသွားသဖြင့် ဝန်ထမ်းများ တက်စရာ ရုံးမရှိတော့ဘဲ ရုံးတက်ရန်လည်း ကြောက်ရွံ့နေကြကြောင်း သိရှိရသည်။
"ရုံးက ၆၀ ရာခိုင်နှုန်းလောက်ပျက်စီးသွားတယ်။ ဝန်ထမ်းတွေတော့ ဒီနေ့ ရုံးမ တက်ကြဘူး။ အခြားရုံးမှာ အစားထိုး တက်ခိုင်းမလား မသိသေးဘူး။ လော လော ဆယ်တော့ ရုံးတက်ဖို့တော့ မဖြစ်နိုင်သေးဘူး။ ရုံး ပြင်တဲ့ အချိန်တော့ ဘယ်လောက်ကြာမလဲမသိဘူး။ နောက်တစ်ခါ ရုံးပြန်ဖွင့်ရင်ကော လုံခြုံ ရေးရှိမလား၊ မရှိဘူးလား။ ရုံးတက်ဖို့တော့ အတော်လန့်နေပြီ" ဟု ဘီးလင်းပြည်တွင်းအခွန်ဝန်ထမ်းတစ်ဦးက ဆိုသည်။
ဘီးလင်းပြည်တွင်းအခွန်ရုံး မိုင်းကွဲမှုကြောင့် ရဲနှင့်စစ်တပ်က ဘီးလင်းမြို့ပေါ် တွင် စစ်ဆေးမှုများ၊ ဧည့်စာရင်း စစ်မှုများ လုပ်ဆောင်နေပြီး လုံခြုံရေး တင်းကျပ်ထားကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
-
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
-
လှဂွန်းပျို စခန်းကို သိမ်းရာမှာ ဗိုလ်မှုးအပါအဝင် ၁၆ ဦး လက်နက်ချ နိုင်ပကောင်း၊ဟန်နွေ /People's Spring ဖာပွန် - ဘီးလင်း ကားလမ်းမ အနီးက စ...
-
ဗန်းမော်၊ အမ်းကို သိမ်းယူပြီးနောက် …………………………… ကချင်ပြည်နယ်၊ ဒုတိယမြို့တော် ဖြစ်တဲ့ လူဦးရေ ၅ သောင်းကျော်နေထိုင်ရာ ဗန်းမော်မြို့ကို ကချင်လွတ...

No comments:
Post a Comment