Monday, 10 April 2023

ဗားရ်တံတားစခန်းသိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီ ဗိုလ်ကြီး (၁)ဦး အပါအဝင် ၁၄ ဦး သေဆုံး



 

CNDF က စခန်းသိမ်းနိုင်ခဲ့ပြီး လက်နက်မျိုးစုံ ၂၁ လက်နဲ့ ခဲယမ်းအမြောက်အမြား သိမ်းဆည်းရ


ချင်း၊ ဖလမ်းမြို့နယ် ဗားရ်တံတားအနီးရှိ အကြမ်းဖက် စစ်ကောင်စီရဲ့တပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)က ဧပြီ ၁၀ ရက် နံနက် ၅ နာရီခွဲမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စကစဗိုလ်ကြီးတဦး အပါအဝင် တပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးပြီး ၁၁ ဦး အရှင်ဖမ်းမိတယ်လို့ သိရပါတယ်။ 


MA1-၃ လက်၊ MA-2 ၁ လက်၊ MA-3 ၂ လက်၊ MA-4 ၁ လက်၊ G3 ၁၂ လက်၊ ၆၀ မမ ၂ လက် အပါအဝင် ကျည်ဘောက်များ၊ အီနာဂါဗုံးသီး၊ လက်နက်ကြီးကျည်များ၊ နင်းမိုင်းများ၊ လက်နက်ငယ်ကျည်တွေ သိမ်းဆည်းရရှိပြီး တိုက်ပွဲအတွင်း ပြည်သူတဦး နဲ့ CNDF ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ ပုံနဲ့တကွ ဖော်ပြထားပါသည်။

No comments:

Post a Comment

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...