Wednesday 12 April 2023

ဟားခါးမြို့နယ်အတွင်းရှိ ကြံ့ခိုင်ရေးပါတီ ပိုင်ဆိုင်မှုအားလုံးကို ပြည်သူပိုင်အဖြစ်သိမ်းကြောင်း CDF-Hakha Council ကြေညာ


 ဟားခါးမြို့နယ်အတွင်းရှိ ကြံ့ခိုင်ရေးပါတီ ပိုင်ဆိုင်မှုအားလုံးကို ပြည်သူပိုင်အဖြစ်သိမ်းကြောင်း CDF-Hakha Council ကြေညာ


မဇ္ဈိမ။ ။ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီရုံးနှင့် ပိုင်ဆိုင်မှုအားလုံးပြည်သူပိုင်အဖြစ်သိမ်းပိုက်လိုက်ကြောင်း CDF-Hakha Council က ဧပြီ ၁၂ ရက်နေ့တွင် ကြေညာသည်။


'' ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) သည် အာဏာသိမ်းစစ်ကောင်စီထံ မှတ်ပုံတင်ကာ အာဏာရူးရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် ဟားခါးမြို့နယ် အတွင်းရှိ ပါတီ၏ ရုံးနှင့်အခြားသောပိုင်ဆိုင်မှုအားလုံးကို ယနေ့ (ဧပြီ ၁၂ ရက်) မှစ၍ ပြည်သူပိုင်အဖြစ် သိမ်းလိုက်သည်” ဟူ၍ ကြေညာချက်တွင်ဖော်ပြသည်။


ထို့အတူ တော်လှန်ရေးကာလအတွင်း ပြည်သူလူထုကိုယ်စား CDF-Hakha Council က လိုအပ်သလို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမိန့်ကြေညာစာတွင်ရေးသားထားသည်။ နောက်ဆက်တွဲ အခြေအနေအသေးစိတ်ကို မဇ္ဈိမက ဆက်လက်စုံစမ်းနေသည်။


 ၂၀၂၁ ခုနှစ်၊ ဖေဖဝါရီလ ၁ ရက်နေ့ နောက်ပိုင်း အသစ်ဝင်လာသော စစ်ကောင်စီဝန်ထမ်းများအားလုံး ၂၀၂၃ ခုနှစ် မေလမကုန်မီ ပြည်သူပိုင် အိမ်ယာများမှ ဆင်းပေးရန် ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့ကလည်း ထုတ်ပြန်ထားသေးသည်။


ထို့အတူ တစ်ခြားနယ်မှ ပြောင်းရွှေ့လာသော ဝန်ထမ်းများအားလုံးသည်လည်း ဟားခါးမြို့နယ်မှ ထွက်ခွာရမည် ဖြစ်ပြီး အမိန့်လိုက်နာခြင်းမရှိပါက လိုအပ်သလိုအရေးယူမည်ဟု CDF-Hakha က အသိပေးထားသည်။ 


လက်ရှိတွင် ချင်းပြည်နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာမူထန်းသည် နိုင်ငံတော်ကောင်စီဝင်အဖြစ် ခန့်အပ်ခြင်းခံထားရသူတစ်ဦးလည်းဖြစ်သည်။


စာတည်း။ ။ Alden

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

# Mizzima

#CDF-Hakha Council

#ပြည်သူပိုင်သိမ်း


------------------------

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...