Sunday 23 April 2023

ဖားကန့်တွင် Happy KTV တွင် ပျော်ပါးနေသည့် ဗိုလ်မှူးဇော်မောင်နှင့် အပေါင်းအပါများ ပစ်ခတ်ခံရပြီး ၆ ဦးသေဆုံး


 ဖားကန့်တွင် Happy KTV တွင် ပျော်ပါးနေသည့် ဗိုလ်မှူးဇော်မောင်နှင့် အပေါင်းအပါများ ပစ်ခတ်ခံရပြီး ၆ ဦးသေဆုံး


ရန်ကုန်၊ ဧပြီ ၂၃ 


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မရှီကထောင်ရပ်ကွက်တွင် ဖွင့်လှစ်ထား သော Happy KTV တွင် ပျော်ပါးနေသည့် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူး ဇော်မောင်နှင့် အပေါင်း အပါများ ပစ်ခတ်ခံရပြီး ၆ ဦးသေဆုံးကြောင်း KIA သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။


ဧပြီလ ၂၂ ရက်နေ့ ညပိုင်း ဗိုလ်မှူးဇော်မောင်(ခ) ဇော်မိုင်း၊ ဗိုလ်မှူးဇော်မောင် ၏ ရည်းစား မမီးမီး၊ ရဲဝန်ထမ်း ကိုလတ်၊ လုံးခင်းကျောက်စိမ်း ခရိုနီ ကိုဘတုတ်၊ ကျောက်သမား ကိုကျော်စိုး ၊ ရဲဝန်ထမ်း ကိုလတ်၏ အမျိုးသမီး တို့ က Happy KTV စားသောက်ပျော်ပါးနေကြစဉ် KIA နှင့် PDF တပ်များ က ဝင် ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် ၆ ဦးစလုံး သေဆုံး သွားခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"ဗိုလ်မှူးဇော်မောင် အပါအဝင် ၅ ဦးသေဆုံးတာတော့ အတည်ပြုလို့ရပါပြီ။ သူတို့နဲ့ ကျောက်သမားတွေနဲ့ တွေ့ကြတာပါ။ ရဲဝန်ထမ်း ကိုလတ်ကတော့ ဒဏ်ရာနဲ့ မသေသေးပါဘူး" ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။ 


ယခုနောက်ဆုံး ဝင်ရောက်လာသော သတင်းများအရ ရဲဝန်ထမ်း ကိုလတ်မှာ လည်း မြစ်ကြီးနားဆေးရုံသို့ ဆေးကုသွားရန်အသွား လမ်းခရီးတွင် ရရှိသော ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။


သေဆုံးသွားသူ ဗိုလ်မှူး ဇော်မောင်(ခ) ဇော်မိုင်းသည် တပ်မ ၃၃ လက် အောက် ခံ တပ်ရင်း တပ်ခွဲမှဖြစ်ပြီး ကျောက်သမားများနှင့် ပူးပေါင်းကာ စီးပွားရှာ နေသူဖြစ်ကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- ပစ်ခတ်မှုကြောင့် သေဆုံးသူ ဗိုလ်မှူးဇော်မောင်။

No comments:

Post a Comment

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ

 ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ ရန်ကုန်၊ စက်တင်ဘာ ၈  ပခုက္ကူမြို့နယ...