Saturday 8 April 2023

ဒီးမော့ဆိုမြို့နယ်တွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦး သေဆုံးကာ လက်နက်များ သိမ်းဆည်းရမိ၊ KNDF ရဲဘော် ၁ ဦးကျဆုံး


 ဒီးမော့ဆိုမြို့နယ်တွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦး သေဆုံးကာ လက်နက်များ သိမ်းဆည်းရမိ၊ KNDF ရဲဘော် ၁ ဦးကျဆုံး 


ရန်ကုန်၊ ဧပြီ ၈


ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အတွင်း ၂ ရက် ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦး သေဆုံးကာ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ထံမှ သိရသည်။


ဧပြီလ ၄ ရက်နှင့် ၅ ရက်နေ့တို့တွင် ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာ အရှေ့ဖက်တောင်ကြောပေါ်တွင် စစ်ကြောင်းထိုး လှုပ်ရှားနေသော အကြမ်းဖက် စစ်တပ်ကို ကရင်နီတပ်မတော် (KA )၊ KNDF ဗျူဟာ (၆)တပ်ရင်းဖြစ်သည့် KNDF B/09 ၊ KNDF ဗျူဟာ (၄) တပ်ရင်းများ ဖြစ်သည့် KNDF B/01 ၊ KNDF B/05 ၊ KNDF B/06 ၊ KNDF B/07 နှင့် KNDF ဗဟိုဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး အပြင်းအထန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။


အကြမ်းဖက် စစ်တပ်၏ ငွေတောင်အခြေစိုက် ခလရ (၁၀၂) တပ်နှင့် လွိုင်ကော်မြို့နယ်အခြေစိုက်တပ်များမှ လက်နက်ကြီးများ အဆမတန်အသုံးပြုကာ ပစ်ကူပေးခဲ့ပြီး ဧပြီလ ၄ ရက်နေ့ ညနေ ၃ နာရီကျော် အချိန်ခန့်တွင် တိုက်လေယာဥ်ဖြင့် ၆ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 


အဆိုပါ ထိတွေ့ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦး ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားက ခမရ (၅၁၇) တပ်ရင်း အမှတ်တံဆိပ်ပါ MA-1 သေနတ် ၂ လက် ၊ MA-3 သေနတ် ၁ လက် နှင့် ကျည်ဆံများ ၊ ဆက်စပ် ခဲယမ်းမီးကျောက်များ၊ အသုံးအဆောင်ပစ္စည်း အချို့တို့ အား သိမ်းဆည်းရရှိ​ခဲ့ကြောင်း သိရသည်။


ဧပြီလ ၄ ရက်နေ့ တိုက်ပွဲတွင် KNDF B/06 တပ်ရင်းမှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း၊ ထို့ပြင် ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါတမြေး ၊ ဒေါတငူး ၊ တနီးလာလဲ ကျေးရွာများအနီးတွင်စစ်ကြောင်း ထိုးနေသော အကြမ်းဖက် စစ်ကောင်စီ၏ တပ်ဖွဲ့များနှင့် KA ၊ KNDF တပ်ပေါင်းစုများအကြား လက်ရှိချိန်ထိ ဖြစ်ပွားလျက်ရှိကြောင်း KNDF က ထုတ်ပြန်ထားသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...