Monday 24 April 2023

ဘားအံမြို့နယ်ရှိ စစ်တပ်မယ်စိထာဂိတ်စခန်းကို KNU ပူးပေါင်းတပ်ဖွဲ့က နာရီဝက်အတွင်း တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး လက်နက်များ ရရှိ၊ စစ်သား ၁၀ ဦးထွက်ပြေး

ဘားအံမြို့နယ်ရှိ စစ်တပ်မယ်စိထာဂိတ်စခန်းကို KNU ပူးပေါင်းတပ်ဖွဲ့က နာရီဝက်အတွင်း တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး လက်နက်များ ရရှိ၊ စစ်သား ၁၀ ဦးထွက်ပြေး


ရန်ကုန်၊ ဧပြီ ၂၄ 


ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ စစ်တပ်မယ်စိထာဂိတ်စခန်းကို KNU တပ် မဟာ ၁ နှင့် တပ်မဟာ ၅ ပူးပေါင်းတပ်ဖွဲ့က နာရီဝက်အတွင်း တိုက်ခိုက် သိမ်းပိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက်များ ရရှိကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။


ယနေ့ ဧပြီလ ၂၄ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ ၁ နှင့် တပ်မဟာ ၅ ပူးပေါင်း တပ်ဖွဲ့က အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ စကခ ၈ လက် အောက်ခံ ခမရ ၄၀၁ တပ်ရင်း၏ မယ်စိထာ စစ်ဆေးရေးဂိတ် စခန်းကို တိုက်ခိုက်ရာ နံနက် ၅ နာရီတွင် သိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။ 

 

စစ်တပ်ဂိတ်စခန်းကို သိမ်းပိုက်ရာတွင် စစ်ကောင်စီဘက်မှ တပ်သား ၅ ဦး စခန်းအတွင်း သေဆုံးခဲ့ပြီး ပစ္စတို MA 5 ၁ လက်၊ K3 79 ၁ လက်၊ K3 ၃ လက်၊ ကျည်ဘောက် ၂၀ ခု၊ ကျည်ဆန် ၁၅၀၀ တောင့်ကို သိမ်းယူ နိုင်ခဲ့ ကြောင်း သိရှိရသည်။


မယ်စိထာ ဂိတ်စခန်းသည် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ တပ်မဟာ ၁ နှင့် တပ်မဟာ ၅ အကြားတွင် တည်ဆောက်ထားပြီး အချက်အချာကျသည့် ဂိတ်စခန်း တစ်ခုဖြစ်၍ ခရီးသွား ပြည်သူများကို စစ်ဆေးခြင်း၊ မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ စခန်းအတွင်း ခေါ်ယူကာ လူသားဒိုင်းပြုလုပ်ခြင်းများ ကျူးလွန်နေသည့် စစ်ကောင်စီ ဂိတ်စခန်းဖြစ်ကြောင်း သိရှိရသည်။


မယ်စိထာဂိတ်စခန်းတွင် စစ်ကောင်စီ တပ်သားအင်အား ၁၅ ဦးရှိပြီး စစ်သား ၅ ဦးမှာ စခန်းအတွင်း သေဆုံးခဲ့ကြောင်း၊ ကျန်စစ်သား ၁၀ ဦးမှာ ဂိတ်စခန်း ကို စွန့်ခွာထွက်ပြေး လွတ်မြောက်သွားကြောင်း၊ မယ်စိထာဂိတ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် KNLA ပူးပေါင်းတပ်ဖွဲ့ကို ဦးဆောင်သူ တပ်မှူးများ မှာ သထုံခရိုင်-KNLA အမှတ်ု ၁ တပ်မဟာ ဗျူဟာ ရုံးထိုင်မှူး ဗိုလ်ကြီး စောရမ်ဗိုနှင့် မူတြော်ခရိုင် KNLA တပ်ရင်း ၁၀၂ ဒုတပ် ရင်း မှူး ဗိုလ်ကြီး ဗိုလ်တောတို့ဖြစ်ပြီး KNUတပ်ဘက်မှ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
 

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...