Friday 7 April 2023

တော်လှန်ရေး ရဲဘော် ၃ ဦးကို စစ်တပ် လက်အောက်ခံ လက်နက်ကိုင်အဖွဲ့ထံ ထိုင်းဘက်က လွှဲပြောင်းမှု နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများဖြင့် မညီညွတ်ဟု NUG က ကန့်ကွက်၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း ဖြေရှင်းမည်


 တော်လှန်ရေး ရဲဘော် ၃ ဦးကို စစ်တပ် လက်အောက်ခံ လက်နက်ကိုင်အဖွဲ့ထံ ထိုင်းဘက်က လွှဲပြောင်းမှု နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများဖြင့် မညီညွတ်ဟု NUG က ကန့်ကွက်၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း ဖြေရှင်းမည်


ရန်ကုန်၊ ဧပြီ ၇ 


ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် စစ်အာဏာရှင်တော်လှန်ရေး ရဲဘော် ၃ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးပြီး မြန်မာ စစ်တပ်လက်အောက်ခံ လက်နက်ကိုင်အဖွဲ့ထံ လွှဲပြောင်းမှု နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများဖြင့် မညီညွတ်ကြောင်း အမျိုးသားညီညွတ် NUG ကန့်ကွက်ပြောဆိုလိုက်သည်။ 


မတ်လ ၃၁ ရက်နေ့ တွင် မြန်မာ့တော်လှန်ရေးတပ်ဖွဲ့ဝင် လူငယ် ၃ ဦးကို ထိုင်းနိုင်ငံ အာဏာပိုင်များက ဖမ်းဆီး၍ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ လက်နက်ကိုင်အဖွဲ့ထံသို့ နိုင်ငံတကာ ရဲလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိ ဘဲ လွှဲပြောင်းပေးအပ်ခဲ့သည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ် နှင့် လုပ်ရပ်သည် မြန်မာစစ်ကောင်စီ၏ အကြမ်းဖက် ဖိနှိပ်ရက်စက်မှုများ အပါ အဝင် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံအတွင်း ရွေ့ပြောင်းခိုလှုံ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ၏ အသက်အန္တရာယ်နှင့် လုံခြုံရေးကို ခြိမ်းခြောက်လာသည့် ကိစ္စရပ်ဖြစ်သောကြောင့် အမျိုးသားညီညွတ်ရေး အစိုးရ အနေဖြင့် မိမိနိုင်ငံသားများအား ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိ သည်နှင့်အညီ အဆိုပါဖြစ်စဉ်နှင့်တကွ အလားတူဖြစ်စဉ်များကို အထူးအလေး ထားဦးစားပေး၍ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် ဆက်သွယ်ညှိနှိုင်း၊ ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း NUG က ဆိုသည်။ 


Lion Battalion စစ်ကြောင်းမှ ရဲဘော်သီဟ ၊ ရဲဘော် စောဖြိုးလေး၊ ရဲဘော် ထက်နေဝင်းတို့သည် မဲဆောက်မှ မြ၀တီဘက် အခြမ်းသို့ ကူးစဉ် ထိုင်းရဲနှင့် စစ်တပ်က ဖမ်းဆီးသွားကြောင်း၊ ယင်းနောက် ထိုင်း လ၀က အချုပ်တွင် ချုပ်နှောင်ပြီး BGF တပ်ဖွဲ့ထံ အပ်နှံရန် လုပ်ဆောင်ကြောင်း၊ ထိုသို့ ထိုင်းဘက် က လုပ်ဆောင်သည့်အတွက် BGF ကမ်းမရောက်မီ တော်လှန်ရေး ရဲဘော် ၃ ဦးက ရေထဲခုန်ဆင်းရာ BGF တပ်ဖွဲ့က ပစ်ခတ်ကြောင်း၊ ရဲဘော်သီဟမှာ ကျည် ထိ မှန် သေဆုံးပြီး ရဲဘော် စောဖြိုးလေးနှင့် ရဲဘော်ထက်နေဝင်းမှာ ဒဏ်ရာများ ဖြင့် BGF က ဖမ်းဆီးလိုက်ပြီး စစ်ကောင်စီလက်ထဲသို့ အပ်နှံလိုက်ကြောင်း သိရှိရသည်။ 


"ကျနော်တို့ ရဲဘော်တွေကို ပစ်ခတ်ပြီး စစ်ကောင်စီလက်ထဲအပ်တာက ဗိုလ်မှူး နိုင်မောင်ဇော်လို့ သိရတယ်။ ရဲဘော် တစ်ဦးကတော့ ရင်ဘတ်ကို ကျည်ထိပြီး ပွဲချင်းပြီးတယ်။ နောက် ၂ ဦးကတော့ ဒဏ်ရာတွေနဲ့ စစ်ကြောခံ နေရတယ်လို့ သိရပါတယ်။ ထိုင်းရဲ့ ရပ်တည်ချက်က မေးခွန်း ထုတ်စရာပဲ။ ဒီဘက်က သွားထုတ်တဲ့လူတွေကို နောက်နေ့မှ လာဆိုပြီး BGF လက်ထဲကို အပ်လိုက် တာ"ဟု Lion Battalion စစ်ကြောင်းမှ တော်လှန်ရေး ရဲဘောက် ဆိုသည်။

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...