Tuesday 16 May 2023

မြဝတီတွင် စစ်ကောင်စီ BGF ပူးပေါင်းအဖွဲ့နှင့် တော်လှန်ရေးအင်အားစုများတိုက်ပွဲဖြစ်ပွားနေပြီး ၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈ ဦးသေ ၂၇ ဦးဒဏ်ရာရ ဟုဆို


 မြဝတီတွင် စစ်ကောင်စီ BGF ပူးပေါင်းအဖွဲ့နှင့် တော်လှန်ရေးအင်အားစုများတိုက်ပွဲဖြစ်ပွားနေပြီး ၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈ ဦးသေ ၂၇ ဦးဒဏ်ရာရ ဟုဆို 


နွေဦးမောင် /ဧရာဝတီတိုင်း

(မြဝတီ)/မေလ ၁၅ ရက်


ကရင်ပြည်နယ်၊ မြတီမြို့နယ်ရှိ လက်ခက်တောင်နှင့် ကျောက်မိုင်းဒေသတို့တွင် စစ်ကောင်စီတပ်၊ BDF ပူးပေါင်းအဖွဲ့နှင့် တော်လှန်ရေးအင်အားစုများတိုက်ပွဲ ဖြစ်ပွားနေပြီး မေလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ သုံး ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈ ဦးသေဆုံး၍ ၂၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း Cobra Column တပ်ခွဲ - ၄ ထံက သိရသည်။ 


တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီ BGF ပူးပေါင်းအဖွဲ့တို့ မေလ ၁၁ ရက်နေ့မှ ယနေ့ မေလ ၁၅ ရက်နေအထိ နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေပြီး ကော်ဘရာ စစ်ကြောင်းမှ ရဲဘော် တစ်ဦး ကျဆုံးခဲ့ကြောင်း Cobra Column တပ်ခွဲ - ၄ ကဆိုထားသည်။ 


“တိုက်ပွဲက နေ့တိုင်းဖြစ်နေတာ။ ဒီနေ့ (မေလ ၁၅ရက်နေ့) မှာတော့ သူတို့ဘက် လက်နက်ကြီးနဲ့ ရမ်းသန်းပစ်နေတယ်” ဟု ကော်ဘရာနှင့် ဆက်စပ်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။


စစ်ကောင်စီ၏ စစ်ကောင်စီတပ် ခမရ (၁၁၈) ၊ ခလရ (၈)၊ ခလရ (၂၇၅)၊ BGF (၁၀၁၉) တပ်ရင်းများနှင့် တော်လှန်ရေးတပ်ဖွဲ့များဖြစ်ကြသည့် KNU တပ်မဟာ (၆) ၊ KNLA ၊ ကော်ဘရာစစ်ကြောင်း (၁)၊ ကျားသစ်နက်စစ်ကြောင်း ၊Federla Wings Golden Eagle စသည့်ပူးပေါင်းတပ်ဖွဲ့များသည့် နေ့စဉ်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။ 


ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း ယခုမေလ ပမပတ်ကတည်းက တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီBGF ပူးပေါင်းအဖွဲ့သည် လေကြောင်းမှဗုံးကြဲ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းများ ပြုလုပ်နေပြီး ကရင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်လာနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။


#ကရင်ပြည်နယ် #မြ၀တီ #စစ်ကောင်စီBGFပူးပေါင်းအဖွဲ့ #လှန်ရေးအင်အားစု #တိုက်ပွဲ #CobraColumnတပ်ခွဲ၄ #Ayeyarwaddy_Times

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...