Monday 15 May 2023

ယင်းမာပင်မြို့နယ်တွင် မြောက်ယမား ချောင်းရေ မြင့်တက်မှုကြောင့် ကျေးရွာ ၅ ရွာကျော် ရေနစ်မြုပ်နေ


 ယင်းမာပင်မြို့နယ်တွင် မြောက်ယမား ချောင်းရေ မြင့်တက်မှုကြောင့် ကျေးရွာ ၅ ရွာကျော် ရေနစ်မြုပ်နေ 


ရန်ကုန်၊ မေ ၁၅


စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် မြောက်ယမား ချောင်းရေ မြင့်တက်မှုကြောင့် ကျေးရွာ ၅ ရွာကျော် ရေနစ်မြုပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


မေလ ၁၄ ရက်နေ့တွင် မိုခါ မုန်တိုင်းကြောင့် ယင်းမာပင်မြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွင်းပြီး မြောက်ယမား ချောင်းရေ မြင့်တက်ကာ ကျေးရွာ ၅ ရွာကျော် ရေနစ်မြုပ်နေကြောင်း သိရသည်။


"မိုးသက်လေပြင်း တိုက်ခတ်ပြီး မိုးအဆက်မပြတ်ရွာလို့ မြောက်ယမားချောင်းရေတက်ပြီး ရေနစ်မြုပ်နေတာပါ" ဟု ပြည်သူတစ်ဦးကပြောဆိုသည်။ 


အဆိုပါ ကျေးရွာ ၅ ရွာမှာ ကျေးစာကျ၊ ဘိန်းနွယ်ချောင်၊ ရွာသာ၊ ဂုဏ်တောနှင့် ရေကြည်ပင် တို့ဖြစ်ပြီး အလှူရှင်များ အနေဖြင့် ရေဘေးသင့် ပြည်သူများကို ကူညီလှူဒါန်းပေးရန် မေတ္တာရပ်ခံကြောင်း ဒေသပြည်သူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

No comments:

Post a Comment

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ

 ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ ရန်ကုန်၊ စက်တင်ဘာ ၈  ပခုက္ကူမြို့နယ...