Tuesday 16 May 2023

ဘောလခဲမြို့တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ


 ဘောလခဲမြို့တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ 


ရန်ကုန်၊ မေ ၁၆


ကယားပြည်နယ်၊ ဘောလခဲမြို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း KNDF B/21 ထံမှ သိရသည်။


မေလ ၉ ရက်နေ့ ညနေပိုင်းတွင် ဘောလခဲ-ရွာသစ် လမ်းမကြီးပေါ် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို KNDF B/21 နှင့် ကရင်နီတပ်မတော် KA တို့ ပူးပေါင်းပြီး ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းသည် ဘောလခဲမြို့မှ ၁၂ မိုင်ကုန်း ဘက်သို့ ဦးတည်၍ စစ်ကြောင်းထိုးလာစဥ် ဘောလခဲ ၁၂ မိုင်ကုန်း အကြားလမ်း တစ်နေရာတွင် တော်လှန်ရေး ပူးပေါင်းတပ်များမှ ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး မိနစ် ၃၀ ကြာ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၅ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ 


အကြမ်းဖက် စစ်တပ်ထံမှ MA-1 အမျိုးအစား သေနတ် ၁ လက် နှင့်အတူ ကျည်များ ၊ လက်ပစ်ဗုံး ၂ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ 


မေလ ၈ ရက်နေ့မှစ၍ အကြမ်းဖက် စစ်တပ်က ဘောလခဲမြို့မှ အင်အားအများအပြားဖြင့် ၁၂ မိုင်ကုန်း ၊ ဝမ်မလန်းကျေးရွာများ ဘက်သို့ စစ်ကြောင်းများ ထိုးလာသောကြောင့် KNDF B/21 ၊KA ၊ ဘောလခဲ PDF တို့ပူးပေါင်းကာ ယနေ့ထိ တိုက်ပွဲများ ကြိုကြား ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီမှ လေကြောင်း အသုံးပြု၍ ဗုံးကျဲတိုက်ခိုက် ခြင်းများကိုပါ လုပ်ဆောင် လျက်ရှိကြောင်း၊ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များအကြား အချိန်မရွေးထိတွေ့တိုက်ပွဲများ ဖြစ်ပွားနိုင်၍ ဘောလခဲ- ရွာသစ်လမ်းမကြီးအား အသုံးပြု၍ ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ကြရန် မိဘပြည်သူများအား အသိပေး မေတ္တာရပ်ခံအပ်သလို မြေပြင်လိုအပ်ချက်များကိုလည်း ကူညီထောက်ပံ့ပေးကြပါရန် တောင်းကြောင်း KNDF B /21 က ထုတ်ပြန်ထားသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...