Sunday 21 May 2023

ခင်ဦးမြို့နယ်တွင် စစ်တပ် ထုတ်ကုန် ငွေကျပ် သိန်း ၄၀၀ ကျော် တန်ဖိုးရှိ အရက်၊ ဘီယာများကို ဖမ်းဆီးဖျက်ဆီး


 ခင်ဦးမြို့နယ်တွင် စစ်တပ် ထုတ်ကုန် ငွေကျပ် သိန်း ၄၀၀ ကျော် တန်ဖိုးရှိ အရက်၊ ဘီယာများကို ဖမ်းဆီးဖျက်ဆီး


ရန်ကုန်၊ မေ ၂၁ 


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ် ထုတ်ကုန် ငွေကျပ် သိန်း ၄၀၀ ကျော် တန်ဖိုးရှိ အရက်၊ ဘီယာများကို ဖမ်းဆီးပြီး ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့ နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။ 


ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (မြို့နယ် ပအဖ)၏ လမ်းညွှန်မှုဖြင့် မြို့နယ် ပကဖ နှင့် LDF များက စစ်ကောင်စီ အကြမ်းဖက်အုပ်စုနှင့် မိသား စုများ၊ ၄င်းတို့၏ (ဒေါက်တိုင်) အကျိုးတူစီးပွား လုပ်ငန်းရှင်များ ပိုင်ဆိုင်သော စစ်တပ် ထုတ် Dagon အမှတ်တံဆိပ် အရက်၊ ဘီယာများ သယ် ဆောင် လာသည့် ကား ၃ စီးကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ 


ကား ၃ စီးက တင်ဆောင်လာသော စစ်တပ် ထုတ် ကုန် အရက်ဘီယာများ စုစုပေါင်း ကာလ တန်ဖိုး သိန်း လေးရာ နှစ်ဆယ် လေးသိန်း ရှစ်သောင်းကျပ် တန်ဖိုးရှိသော စစ်တပ်ထုတ် ဘီယာ ဂျပ်ဖာပေါင်း ၅၄၀ ဖာ၊ ဗူးပေါင်း ၁၁၀၄၀ ဗူး၊ ပုလင်းပေါင်း ၇၈၀ ပုလင်း၊ သိမ်းဆည်းခဲ့ကြောင်း၊ ထိုသိမ်းဆည်းရမိ ပစ္စ ည်း များ အားလုံးကို တော်လှန်ရေးအင်အားစုများက အများပြည်သူရှေ့တွင် မှတ်တမ်းများနှင့်တကွ ဖျက်ဆီးခဲ့ကြကြောင်း သိရှိရသည်။ 


အကြမ်းဖက် စစ်ကောင်စီနှင့် မိသားစုများ၊ ၄င်းတို့နှင့် အကျိုးတူ စီးပွားဘက် ဖြစ်သော စစ်တပ်ဒေါက်တိုင်များ၏ ထုတ်ကုန်ပစ္စည်းများမှ ရရှိသော အမြတ် အစွန်း၊ ငွေကြေးများသည် ပြည်သူလူထုနှင့် တော်လှန်ရေး အင်အားစုများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ဆိုးရွားစွာ ဖျက်ဆီး စေနိုင်သည့် လုပ်ရပ်များ ဖြစ်စေနိုင်သည့်အတွက် စစ်တပ် ထုတ်ကုန်ပစ္စည်းများကို သပိတ်မှောက်ကြရန် ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံ၍ နှိုးဆော်တိုက်တွန်း ထားသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...