Sunday 14 May 2023

"၃ရက်တာတိုက်ပွဲတွင်း စကစ (၈)ဦးသေ၊ (၂၇)ဦး ဒဏ်ရာရ"


 "၃ရက်တာတိုက်ပွဲတွင်း စကစ (၈)ဦးသေ၊ (၂၇)ဦး ဒဏ်ရာရ"


မြဝတီမြို့နယ် လက်ခတ်တောင်နှင့် ကျောက်မိုင်းဒေသတို့တွင် မိမိတို့ တပ်မဟာ(၆)၊ KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle စသည့် ပူးပေါင်းတပ်ဖွဲ့များမှ အကြမ်းဖက်စစ်ကောင်စီနှင့် ရင်ဆိုင်တိုက်ပွဲများ ဆင်နွှဲလျက်ရှိရာ ရန်သူဘက်မှ ခမရ(၁၁၈)၊ လ(၈)၊ ခလရ(၂၇၅)၊ BGF(၁၀၁၉)တပ်ရင်းတို့နှင့် ရင်ဆိုင်တိုက်ခိုက်နေသည်။


(၁၁.၅.၂၀၂၃) တွင် တနေကုန်တိုက်ပွဲများ လက်နက်ကြီးပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ရန်သူဘက်မှ လက်နက်ကြီးအများအပြားပစ်ခတ်ခဲ့သဖြင့် မိမိတို့ပူးပေါင်းတပ်ဖွဲ့ဘက်မှ (၂) ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ ရန်သူဘက်မှ သေဆုံးမှုနှင့်ဒဏ်ရာရရှိမှုအား စီစစ်ဆဲဖြစ်သည်။


 (၁၂.၅.၂၀၂၃) တွင် မိမိတို့ နေရာယူထားသော ကင်းနေရာသို့ စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးလာရာ ထိတွေ့မှုတိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူဘက်မှ (၁၂)ဦး ဒဏ်ရာရ၊ (၄)ဦး သေဆုံးခဲ့ပြီး မိမိဘက်မှ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


(၁၃.၅.၂၀၂၃) တွင် စစ်ကောင်စီဘက်မှ ပူးပေါင်းတပ်ဖွဲ့များ စိုးမိုးနေရာယူထားသော နေရာများသို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူဘက်မှ (၁၅)ဦီး ဒဏ်ရာရပြီး (၄)ဦး သေဆုံးခဲ့သည်။ ရန်သူ၏လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်မှုကြောင့် မိမိတို့ဘက်မှ ရဲဘော်(၄) ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ရဲဘော်(၁)ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့သည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...