Monday 12 June 2023

နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များ၊ စခန်းများနှင့် ဝန်ကြီးဌာနပေါင်းစုံ ပရိတ်၊ဓမ္မစကြာ၊ပဌာန်းရွတ်ပွဲများ မဖြစ်မနေ ပြုလုပ်နေရ ၊ ဘုရားစေတီများတွင် ကပ်ရမည့်ဆွမ်းဟင်းနှင့် ပူဇော်ရမည့် ပန်းအရောင်များကိုပါ ညွှန်ကြားချက်ပေး


 နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များ၊ စခန်းများနှင့် ဝန်ကြီးဌာနပေါင်းစုံ ပရိတ်၊ဓမ္မစကြာ၊ပဌာန်းရွတ်ပွဲများ မဖြစ်မနေ ပြုလုပ်နေရ ၊ ဘုရားစေတီများတွင် ကပ်ရမည့်ဆွမ်းဟင်းနှင့် ပူဇော်ရမည့် ပန်းအရောင်များကိုပါ ညွှန်ကြားချက်ပေး


ရန်ကုန်၊ ဇွန် ၁၂ 


မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များ၊ စခန်းများနှင့် ဝန်ကြီးဌာနဆိုင်ရာရုံးပေါင်းစုံတွင် ပရိတ်၊ ဓမ္မစကြာ၊ ပဌာန်းရွတ်ပွဲများ မဖြစ်မနေ ပြုလုပ်နေရကြပြီး ဘုရားစေတီများတွင် ကပ်ရမည့်ဆွမ်းဟင်းနှင့် ပူဇော်ရမည့် ပန်းအရောင်များကိုပါ စစ်ကောင်စီက ညွှန်ကြားချက်ပေး ပူဇော်ကပ်ခိုင်းနေကြောင်း သိရှိရသည်။ 


ဗူးဘုရား မိုးကြိုးပစ်ခံရခြင်း၊ မအူပင်တွင် ငလျှင်လှုပ်၍ ဘုရားထီးတော်များပြိုကျခြင်းများ ဖြစ်ပေါ်လာပြီးနောက် ယခုရက်ပိုင်းအတွင်း ယင်းသို့ ဘာသာရေးဆိုင်ရာ လုပ်ဆောင်ချက်များ ဆောင်ရွက်ရန် တစ်နိုင်ငံလုံးရှိ တပ်ရင်းတပ်ဖွဲ့များ၊ စခန်းများနှင့် ဝန်ကြီးဌာနရုံးပေါင်းစုံကို စစ်ကောင်စီက ညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"စစ်တပ် တပ်မ တပ်ရင်း တပ်ဖွဲ့တွေ၊ ပြည်ထဲရေဝန်ကြီးဌာအောက်ကဌာနတွေဖြစ်တဲ့ ထွေအုပ်၊ရဲတပ်ဖွဲ့၊စစစ၊အကျဥ်းဦးစီးစတဲ့ဌာန ဆိုင်ရာဝန်ထမ်းတွေကို ပရိတ်၊ဓမ္မစကြာ၊ပဌာန်းတွေကို မရွတ် မနေရ ရွတ်ခိုင်းပါတယ်။ တပ်ဖွဲ့နဲ့ ဌာနတွေအလိုက် ရွတ်ဖတ် ပြိုင်ပွဲတွေလုပ်ခိုင်းနေတယ်။ ရန်ကုန်မှာဆို ဝန်ကြီးချုပ်အစီအစဥ်နဲ့ မြို့နယ်အားလုံး အလှည့်ကျရက်အလိုက်ရွှေတိဂုံဘုရား ရင်ပြင်စောင်းတန်း ၄ ခုမှာ နံနက် ၅ နာရီနေ့စဥ်ဆွမ်း၊ပန်း၊ရေချမ်း၊ဆီမီးကပ်ခိုင်းတယ်။ ကပ်တဲ့ဆွမ်းတောင် သူတို့ခိုင်းတဲ့ဟင်းအမယ်၊သူတို့ပြောတဲ့ပန်းအရောင်ကပ်ခိုင်းတာ။ ဒီရက်ပိုင်းအတွင်း အဲဒါတွေကို လုပ်နေရတယ်။ အဲဒါက တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ညွှန်ကြားချက်ထွက်လာတာ" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။ 


အကြမ်းဖက်မင်းအောင်လှိုင်ကိုယ်တိုင်လည်း ယခုရက်ပိုင်းအတွင်း ဘာသာရေးအလုပ်များကို ဇောက်ချ လုပ်နေပြီး ပရိတ်၊ ဓမ္မစကြာ၊ ပဌာန်း ရွတ်ဖတ်ခြင်း ၊ ဥပုသ်စောင့်ခြင်းနှင့် အဓိဋ္ဌာန်ဝင်ခြင်းများ ရှိနေသည်ဟု သိရှိရသည်။ 


ဓာတ်ပုံ- ရှေ့တန်းစခန်းတချို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဘုရားရှိခိုးနေကြစဉ်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...