Wednesday 14 June 2023

ဖယ်ခုံမြို့နယ်တွင် ၁၁ ရက်ကြာဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း၌ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၂၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


ဖယ်ခုံမြို့နယ်တွင် ၁၁ ရက်ကြာဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း၌ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၂၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


ရန်ကုန်၊ ဇွန် ၁၄


ရှမ်း-ကယား နယ်စပ် ဖယ်ခုံမြို့နယ်တွင် ၁၁ ရက်ကြာဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း၌ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၂၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း PDF - Pekhon တပ်ဖွဲ့ထံမှ သိရသည်။


ဇွန်လ ၃ ရက်နေ့ မှ ၁၃ ရက်နေ့ထိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၇ စစ်အခြေခံ လေ့ကျင့်ရေးတပ် အပါအဝင် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းများတို့က ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စု၊ ခေါင်းအိကျေးရွာ နှင့် စက်တော်ကျေးရွာကို ရက်ရှည် ထိုးစစ်ဆင်ခဲ့ကြောင်း သိရသည်။


အဆိုပါ ထိုးစစ်ဆင်နေသော စစ်တပ်ကို ကာကွယ်ရေး တပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် စုစုပေါင်း ၂၇ ဦး သေဆုံးပြီး များစွာ ထိခိုက် ဒဏ်ရာရခဲ့ကြောင်း၊ စစ်သားများ ထိခိုက် ကျဆုံးမှုများသောကြောင့် ဖယ်ခုံ စကခ ၇ နှင့် လက်နက်ကြီး ထိုင်ထားသော ၃၃၆ တပ်တို့မှ ၃ ရက် ဆက်တိုက် လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ ထိုလက်နက်ကြီးပစ်ကူမှုဖြင့် MBPDF 1007 တပ်ရင်းမှ ရဲဘော် ၂ ဦး မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း သိရှိရသည်။


တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ MA - 2 ၁ လက်၊ MA - 3 ၁ လက်နှင့် ခဲယမ်းများစွာကို သိမ်းဆီး ရမိခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုကို PDF - Pekhon တပ်ရင်းအမှတ် ၁၀၀၂ နှင့်အတူ LKPDF DMO-PDFs 1101, 1102, 1106, 1107 တို့၏ ပူပေါင်းစစ်ကြောင်း၊ DMO Local-PDFs စစ်ကြောင်း၊ MBPDF 1007 ၊ 1009 ၊1008 ၊ 1005 ပူးပေါင်းစစ်ကြောင်း၊ KRU နှင့် KNDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း PDF - Pekhon က ထုတ်ပြန်ထားသည်။ 

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...