Wednesday 7 June 2023

ကျောက်တံခါးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနေလင်းဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး သူရ တို့ ပစ်ခတ်ခံရပြီးသေဆုံး


 ကျောက်တံခါးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနေလင်းဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး သူရ တို့ ပစ်ခတ်ခံရပြီးသေဆုံး


ရန်ကုန်၊ ဇွန် ၇ 


ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် အကြမ်းဖက်စစ်ကောင်စီ၏ မြိုနယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၁ ဗိုလ်မှူးနေလင်းဦးနှင့် ၎င်း၏တပည့်ဖြစ်သူ ဗောဓိကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး သူရတို့ကို ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း Bago Region PDF ထံမှ သိရ သည်။

 

ယနေ့ ဇွန်လ ၇ ရက် မွန်းလွဲ ၁ နာရီခန့်အချိန် ဗိုလ်မှူးနေလင်းဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး သူရတို့ ဆိုင်ကယ်ဖြင့် နှစ်ဦးအတူ စီးလာစဉ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်ခဲ့ရာ အပြင်းအထန်ဒဏ်ရာရရှိပြီး နှစ်ဦးစလုံးဆေးရုံရောက်ရှိပြီးနောက် သေဆုံးသွားကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။


၎င်းတို့ နှစ်ဦး ပစ်ခတ်ခံရပြီးနောက် ကျောက်တံခါးမြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် ၄၀ ဦးခန့် ရောက်ရှိလာကာ ဓူတင်ကုန်းတောရကျောင်းတိုက်နားမှနေ၍ စစ်တောင်းမြစ်ကမ်းနဖူးရွာ များဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။


ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ ကျောက်တံခါး မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၁ ဗိုလ်မှူးနေလင်းဦးကို အခြားမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ တွေ့ရစဉ်။

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...