Saturday 17 June 2023

Breaking News- ကလေးဝမြို့နယ်တွင် စစ်တပ်နှင့်ရဲစစ်ကြောင်းကို ကြား ဖြတ် တိုက်ခိုက်မှု အမှတ် ၁၁ လုံထိန်းရဲတပ်ဖွဲ့ဝင် ၄၁ ဦးသေဆုံးပြီး ၄၀ ဦး ကျော်ပျောက်ဆုံးနေ


 Breaking News- ကလေးဝမြို့နယ်တွင် စစ်တပ်နှင့်ရဲစစ်ကြောင်းကို ကြား ဖြတ် တိုက်ခိုက်မှု အမှတ် ၁၁ လုံထိန်းရဲတပ်ဖွဲ့ဝင် ၄၁ ဦးသေဆုံးပြီး ၄၀ ဦး ကျော်ပျောက်ဆုံးနေ 


 ■ ဖောကား ၂ စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး Jammer နှင့် လက်နက်ခဲယမ်း အများ အပြား သိမ်းဆည်းရရှိဟု NUG က သတင်းထုတ်ပြန်


ရန်ကုန်၊ ဇွန် ၁၇ 


စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်တွင် စစ်တပ်နှင့်ရဲစစ်ကြောင်းကို ပြည်သူ့ကာ ကွယ်ရေးတပ်က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၄၁ ဦးသေဆုံး ကြောင်း စစ်တပ်သတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။ 


ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်အချိန် တောင်ငူအခြေစိုက် အမှတ် ၁၁ လုံခြုံရေးရဲတပ်ဖွဲ့မှ ရဲကား ၄ စီး၊ စစ်တပ်စစ်ကြောင်း များ အပါအဝင် စုစုပေါင်း အင်အား ၁၅၈ ဦးသည် စစ်ကြောင်း ပြောင်းရွှေ့နေစဉ် ကလေး၀မြို့နယ်၊ စခန်းကြီးကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေး တပ်များက တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၄၁ ဦးသေဆုံးခဲ့ပြီး အများအပြား ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။ 


"အဲဒီစစ်ကြောင်းမှာ ရတဖ ၁၁ က ရဲတွေ တော်တော်များများပါတယ်။ ဒရုန်းနဲ့ ဗုံးကျဲတယ်။ မိုင်းဆွဲခံရတယ်။ ပြီးတော့ ပစ်ခတ်ခံရတယ်။ လတ်တလောတော့ ရဲ ၄၁ ဦးကျဆုံးတယ်။ ပျောက်ဆုံးနေတာက ၄၀ ဦးထက်မနည်းရှိတယ်" ဟု စစ်တပ်သတင်းရင်းမြစ်က ပြောသည်။ 


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကမူ စစ်ကိုင်းတိုင်း၊ ကလေး၀မြို့နယ်၊ စခန်းကြီးရွာတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုများရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သတင်း ထုတ်ပြန်သည်။


 ဇွန်လ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ် အချိန်မှ န့နက် ၉ နာရီ ၃၀ မိနစ် အချိန်အထိ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊စခန်းကြီးရွာအနီးတွင် ကလေးဝ မြို့မှ တစ်ဆင့် မင်းကင်းမြို့နယ်သို့ ယာကြီးလမ်းအတိုင်း လူ၊လက်နက်၊ရိက္ခာ ပို့ရန် Faw ကား ၃ စီးအပါအဝင် ခမရ -၃၆၂(ကျီကုန်းအခြေစိုက်)၊ရဲနှင့်ပျု စောထီး အင်အား (၁၃၀)ဦးခန့်ဖြင့် လာသော စစ်ကောင်စီတပ်၏ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကလေးခရိုင် အမှတ် ၉ တပ်ရင်းက ကြား ဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ 


အဆိုပါ တိုက်ပွဲအတွင်း Faw ကား၂ စီးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ၊ MA-11 ၂ လက်၊ G-3 ၂ လက်၊ MA-11 ကျည်ဘောက် ၃ ခု၊ G-3 ကျည်ဘောက် ၆ ခု၊ MG 3 ငါးကြင်းမြှီး (၁)လက်၊ MA-7 60 MM တာဝေးစိန်ပြောင်း ၁ လက်၊ 60 MM ဗုံးသီးများ၊ RPG ထိပ်ဖူး ၅ လုံး၊ အီနာဂါ ဗုံးသီး ၅ လုံး၊ .38 Webly Wesson ၆ လုံးပြူး (၁)လက်၊ Jammer ၁ လုံး၊ M-14 နင်းမိုင်း ၂ လုံး၊ လက်ပစ်ဗုံး အလုံး ၃၀ ကျော်၊ ကျည်ဆံများနှင့် တခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း NUG က သတင်းထုတ်ပြန်သည်။  


ဓာတ်ပုံ- NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကလေး၀မြို့နယ် တိုက်ပွဲတွင် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...