Wednesday 28 June 2023

ကလေးမြို့တောင်ဘက် သာစည်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃၀ ခန့်သေဆုံး၊ PDF ရဲဘော် တစ်ဦးကျဆုံး


 ကလေးမြို့တောင်ဘက် သာစည်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃၀ ခန့်သေဆုံး၊ PDF ရဲဘော် တစ်ဦးကျဆုံး


ရန်ကုန်၊ ဇွန် ၂၈ 


စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက် သာစည်ကျေးရွာအနီးတွင် တစ်နေကုန် နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃၀ ခန့်သေဆုံးနိုင်ကြောင်း Ranger Kalay Defend Force မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ဇွန်လ ၂၅ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် အင်အား ၁၂၀ ခန့်ဖြင့် ကလေးမြို့ တောင် ဘက်အထွက်ရှိ အဖွဲ့စက် ဂိတ်မှတဆင့် စစ်ကြောင်း ၃ ကြောင်းဖြန့် ခွဲကာ လက်နက်ကြီးပစ်ကူအမြောက်များ ပစ်ခတ်၍ သာစည် ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာကြောင်း၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ခုခံတိုက် ခိုက်ခဲ့ရာ နံနက် ၉ နာရီခန့်မှ ညနေ ၅ နာရီခန့်အထိ တနေကုန်နီးပါး တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။


“သာစည်ရွာဆိုတာ မြို့အခြေကရွာပါဗျ၊ သာစည်ရွာတောင်ဘက် ဇင်းကလင်း ရွာမှာ လည်း စစ်ခွေး တွေ တပ်စွဲထားတယ်၊ သာစည်ရွာဆိုတာ စစ်ခွေးဂိတ် နှစ်ခုကြားက ရွာကြီးပါ၊ ကလေး-ဂန့်ဂေါလမ်းဘေးပါပဲ၊ တိုက်ပွဲထဲမှာတော့ စစ်ခွေး ၃၀ လောက်သေတယ်လို့ ခန့်မှန်းထားတယ်၊ ခွေးသေတွေကိုတော့ အဖွဲ့ စက် ဂိတ်နဲ့နီးတဲ့အတွက် နောက်ရက်မှလာကောက်ကြမယ်ထင်တယ်၊ ဖြစ်တာ က ပေလမ်းမပေါ်မှာဆိုတော့” ဟု Ranger Kalay Defend Force မှ တာဝန် ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်မှ ၃၀ ခန့်သေဆုံးပြီး အများ အပြား ဒဏ်ရာရရှိကာ ညနေ မိုးချုပ်ချိန်တွင် အဖွဲ့စက်ဂိတ်အတွင်းသို့ ပြန်လည် ဝင်ရောက် သွားကြောင်း၊ တိုက်ပွဲအတွင်းသို့ ကလေး မြို့ ပေါ်ရှိ ဒကစ ထောက်ပို့တပ်၊ စံပြလမ်းပေါ်ရှိ ၂၂၈ တပ်၊ တောင်ဖီလာတောင်ပေါ်ရှိ တပ်နှင့် GTC ကျောင်းအတွင်းတပ်စွဲထားသော တပ်တို့က လက်နက်ကြီးပစ် ကူ အမြောက် အများပစ်ခတ်ခဲ့သည်ဟု ဆို သည်။


အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သာစည်ကျေးရွာမှ အပြစ်မဲ့ပြည်သူ ၂ ဦး ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး ပြည်သူ့ကာကွယ် ရေးတပ် ဖွဲ့ ဝင်များ ပြန်လည် ဆုတ်ခွာချိန်တွင် လက် နက်ကြီးထိမှန်ကာ CDF – KKG မှ ရဲဘော် ၃ ဦး၊ ပကဖ(တေင်ပိုင်း)မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိ ခဲ့ကြောင်း၊ ထို့အပြင် CNDF – VAKOK မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။


လက်ရှိအချိန်အထိ သာစည်ကျေးရွာအတွင်း၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နိုင်ပြီး အကြမ်းဖက်စစ်တပ် မှလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး များ ဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း၊ ပြီးခဲ့သည့် ရက် ပိုင်း ကလည်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ GTC စစ်တပ်ဂိတ်က နဂါးပွတ်ကျေးရွာအတွင်းသို့ လက်နက် ကြီး ဖြင့် ပစ်ခတ်ခဲ့ရာ ၂ နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးပြီး ပြည်သူ ၃ ဦးဒဏ်ရာရရှိကြောင်း၊ လက်နက်ကြီး ထိမှန်မှုကြောင့် အိမ်မွေးတိရစ္ဆာန် နွားများပါ သေဆုံးခဲ့ကြောင်း Ranger Kalay Defend Force ထံမှ သိရ သည်။


ဓာတ်ပုံ- Ranger Kalay Defend Forceမှ တပ်ဖွဲ့ဝင်တစ်ဦး။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...