Wednesday 23 August 2023

နယ်ခြားစောင့်တပ် (B.G.F) − တပ်နယ် (၂) မှ တပ်သား တစ်ဦး လက်နက်ခဲယမ်းနှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) − ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက် အလင်းဝင်


 နယ်ခြားစောင့်တပ် (B.G.F) − တပ်နယ် (၂) မှ တပ်သား တစ်ဦး လက်နက်ခဲယမ်းနှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) − ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက် အလင်းဝင်


သြဂုတ်လ (၂၃) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။


၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်နေ့တွင် နယ်ခြားစောင့်တပ် (B.G.F) - တပ်နယ် (၂) မှ တပ်သား တစ်ဦး လက်နက်ခဲယမ်းနှင့် အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) − ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက် အလင်းဝင်ခဲ့ကြောင်း သိရသည်။


အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်အား မနှစ်သက်သဖြင့် တော်လှန်ရေးပြီးဆုံးသည်အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) − ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ အာဏာရှင်စနစ်အား တွန်းလှန်ထိုက်ထုတ် တိုက်ပွဲဝင်သွားရန် BGF - တပ်နယ် (၂) မှ တပ်သား အောင်ကိုဦး ၃၆ နှစ်မှာ M16-A1 (၁) လက်၊ ၎င်းကျည်ဘောက် (၅) ဘောက် နှင့် ၅.၅၆ ကျည်တောင့် (၁၅၀) တောင့်တို့အားယူဆောင်လာပြီး KNLA - ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက်ပူးပေါင်းခဲ့ကြောင်း KNLA - ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော မှ ပြောသည်။


အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်အား ဆန့်ကျင်၍ KNLA - ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက်ပူးပေါင်းသော စစ်ကောင်စီ လက်အောက်ခံတပ်မှ မည်သည့် စစ်သား မဆို KNLA - ပူးပေါင်းတပ်ဖွဲများ နှင့် ပြည်သူများမှ နွေးထွေးစွာ ကြိုဆိုလျှက်ရှိနေပြီး ဆုတော်ငွေများဖြင့် လည်း ဆုချီးမြှင့်လျှက်ရှိသည်။ သို့ဖြစ်၍ လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းလာသော တပ်သား အောင်ကိုဦးသည်လည်း KNLA - ပူးပေါင်းတပ်ဖွဲများမှ နွေးထွေးစွာကြိုဆိုပြီး KNLA - ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော မှ ဆုတော်ငွေအဖြင့် ထိုင်းဘတ်ငွေ (၅၀,၀၀၀) ငါးသောင်းဘတ် တိတိအား ဆုချီးမြှင့်ခဲ့သည်။


အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သည် လက်ခတ်တောင်စခန်း ပြန်လည်ရရှိရေးအတွက် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်မှ စတင်၍ ယနေ့ထိတိုင် တစ်လကျော်အကြာ ထိုးစစ်ဆင်ခဲ့ပေမည့် KNLA- ပူးပေါင်းတပ်ဖွဲ့များ၏ ပျောက်ကျား ပစ်ခတ်မှုကြောင့် အရာရှိ အပါအဝင် ထိခိုက်ကျဆုံးမှု များပြားခဲ့ရပြီး လေကြောင်း ပစ်ကူအဖြင့် အသုံးပြုနေရကြောင်း သိရသည်။


၎င်းသတင်းအချက်အလက် နှင့် မှတ်တမ်းဓာတ်ပုံမှာ KNLA- ကော်ဘရာ စစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောမှ ပေးပို့ခြင်း ဖြစ်သည်။


ဓာတ်ပုံ - KNLA - ပူးပေါင်းတပ်ဖွဲ့ထံသို့ လက်နက်ခဲယမ်း နှင့်အတူ လာရောက်ပူးပေါင်းသော BGF တပ်သား တစ်ဦး နှင့် KNLA - ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော။


သတင်းအရင်းအမြစ် − ဒူးပလာယာခရိုင်−သတင်းနှင့် ပြန်ကြားရေး။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...