Sunday, 13 August 2023
မြိုင်မြို့ပေါ်တွင် ဆိုင်ကယ် ၂ စီးဖြင့် ကင်းပတ်နေသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရမိ
မြိုင်မြို့ပေါ်တွင် ဆိုင်ကယ် ၂ စီးဖြင့် ကင်းပတ်နေသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရမိ
ရန်ကုန်၊ သြဂုတ် ၁၃
မကွေးတိုင်း၊ မြိုင်မြို့ပေါ်တွင် ဆိုင်ကယ် ၂ စီးဖြင့် ကင်းပတ်နေသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့ကြောင်း Myaing Villages Revolution Front မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၁၂ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် မြိုင်မြို့ပေါ် ၊ မြို့ပတ်လမ်းကို ဆိုင်ကယ် ၂ စီးဖြင့် ကင်းပတ်လာသည့် စစ်သား ၃ ဦးကို Myaing Villages Revolution Front (MVRF) နှင့် ပူးပေါင်းတပ်ဖွဲ့များက ကင်းပုန်းဝပ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးလုံး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
"မြိုင်မြို့ပေါ် ၊ မြို့ပတ်လမ်းကို ဆိုင်ကယ် ၂ စီးနဲ့ ကင်းပတ်လာတဲ့ စစ်ခွေး ၃ ကောင်ကို ကင်းပုန်းဝပ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ ၃ ကောင်လုံး သေတယ်။ သူတို့ စီးလာသော ဆိုင်ကယ် ၁ စီးကို မီးရှို့ ဖျက်ဆီးခဲ့တယ်။ လက်နက် ၂ လက်လည်း ရရှိခဲ့တယ်" ဟု Myaing Villages Revolution Front မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
Subscribe to:
Post Comments (Atom)
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
-
Mr Kyi Hlah, who was a winner of a raffle fundraising ticket that was made for supporting the local anti-junta resistance forces in Khin-U ...
-
Thai military raids Mae Sot hideout of supposed anti-regime forces March 23, 2023 The Thai military raided a four-story building in Mae Sot...
-
ဗန်းမော်၊ အမ်းကို သိမ်းယူပြီးနောက် …………………………… ကချင်ပြည်နယ်၊ ဒုတိယမြို့တော် ဖြစ်တဲ့ လူဦးရေ ၅ သောင်းကျော်နေထိုင်ရာ ဗန်းမော်မြို့ကို ကချင်လွတ...

No comments:
Post a Comment