Tuesday 29 August 2023

ထန်တလန်မြို့ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၈ ဦးသေဆုံးပြီး RPG အပါအဝင် လက်နက် ၅ လက် သိမ်းဆည်းရရှိ၊ ချင်းတော်လှန်ရေးရဲဘော် ၁၁ ဦးကျဆုံး


 ထန်တလန်မြို့ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၈ ဦးသေဆုံးပြီး RPG အပါအဝင် လက်နက် ၅ လက် သိမ်းဆည်းရရှိ၊ ချင်းတော်လှန်ရေးရဲဘော် ၁၁ ဦးကျဆုံး


ရန်ကုန်၊ ဩဂုတ် ၂၉ 


ချင်းပြည်နယ်။ ထန်တလန်မြို့နယ်တွင် ယမန်နေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၈ ဦးသေဆုံးပြီး RPG အပါအဝင် လက်နက် ၅ လက် သိမ်းဆည်းရရှိကြောင်း ချင်းအမျိုးသားတပ်မတော် CNA သတင်းရင်းမြစ်က ပြောဆိုသည်။ 


ဩဂုတ်လ ၂၈ ရက်နေ့ ထန်တလန်မြို့ တပ်ကုန်းတိုက်ပွဲတွင် စစ်ကောင်စီ တပ်ဘက်မှ ၂၈ ဦးသေဆုံးပြီး ၆၀ ကျော် အပြင်းအထန်ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူများကို ဟားခါးမြို့ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး စစ်ကောင်စီ တပ်ဘက်မှ RPG ၁ လက်၊ MA လက်နက် ၄ လက် သိမ်းဆည်းရရှိကြောင်း သိရှိရသည်။


ထန်တလန်မြို့ တိုက်ပွဲတွင် CNA ၊ CDF-Zophei ၊ CDF - Thantlang နှင့် CDF - Hakha တပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယမန်နေ့ တိုက်ပွဲ တွင် CNA ရဲဘော် ၅ ဦး၊ CDF-Zophei ရဲဘော် ၄ ဦး၊ CDF - Thantlang ၁ ဦး နှင့် CDF - Hakha ရဲဘော် ၁ ဦး စုစုပေါင်း ၁၁ ဦး တိုင်းပြည် အတွက် အသက်ပေးလှူခဲ့ကြကြောင်း သိရှိရသည်။ 


"ထန်တလမြို့ တပ်ကုန်းစခန်းကိုတော့ ဒရုန်းတွေနဲ့ ဆက်တိုက် ဗုံးကျဲပြီး ဝင် တိုက်ခိုက်တာဖြစ်ပါတယ်။ CNA အပါအဝင် ချင်းတော်လှန်ရေးတပ်တွေ ဘက် က ၁၁ ဦးကျဆုံးပါတယ်။ စစ်ခွေးတွေဘက်ကတော့ ၂၈ ဦးသေဆုံးပြီး ၆၀ ဦးထက်မနည်း ဒဏ်ရာရပါတယ်" ဟု ချင်းတိုင်းရင်းသားတော်လှန်ရေး သတင်း ရင်းမြစ်က ပြောဆိုသည်။ 


ဓာတ်ပုံ- ဒရုန်းဖြင့် ဗုံးကျဲချမှုကြောင့် အထိနာနေသော ထန်တလန်မြို့ တပ်ကုန်းစခန်း မြင်ကွင်း။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...