Thursday 21 September 2023

ဂန့်ဂေါမြို့နယ်၊ ကန့်သက်ရွာရှိ စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး သေနတ် ၁၅ လက် သိမ်းဆည်းရရှိ


 ဂန့်ဂေါမြို့နယ်၊ ကန့်သက်ရွာရှိ စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး သေနတ် ၁၅ လက် သိမ်းဆည်းရရှိ 


ရန်ကုန်၊ စက်တင်ဘာ ၂၁


မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန့်သက်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး သေနတ် ၁၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဂန့်ဂေါခရိုင်တပ်ရင်း-၁၈ YNRF-Htilin က ထုတ်ပြန်ထားသည်။


စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၄ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ် ကပစ ၂၃ အနီးရှိ ကန့် သက်ကျေးရွာ၌ စစ်သားနှင့်‌‌ ပျူစောထီး တပ်စွဲထားသော စခန်းကုန်းကို ဂန့်ဂေါခရိုင် အမှတ် (၇၊၁၈၊၁၉) တပ်ရင်း၊ CDF မင်းတပ် တပ်ရင်း(၂)၊ ပုံတောင်ဂဠုန် နှင့် ပုံညာမုန်တိုင်း ပကဖ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ပွဲအတွင်း ကာဘိုင် ၉ လက်၊ Greener ၆ လက်၊ ကာဘိုင်ကျည်ဘောက် ၁၈ ဘောက်၊ MA ကျည်ဘောက် ၇) ပေါက်၊ ကာဘိုင်ကျည် ၉၀၀ တောင့်၊ Greener ကျည် ၂၀၀ တောင့်၊ MA ကျည် ၁၅၀ တောင့်၊ အီနာဂါဗုံးသီး ၅ လုံး သိမ်းဆည်း ရရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။


“ကပစ ၂၃ တပ်နဲ့ဆိုရင် လမ်းလေးပဲခြားတာ၊ စစ်ကူလာတာမျိုးမရှိတော့ မရှိဘူး။ တပ်ထဲကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းပစ်တာကတော့ နေ့တိုင်းနီးပါးပဲ၊ အခု(စက်တင်ဘာလ ၂၀ ရက်) ညလည်း လက်နက်ကြီးတွေနဲ့ရမ်းပစ်နေတယ်၊ လက်နက်ငယ်တွေလည်း ပစ် တယ်၊ ဟိုနေ့က ဖြစ်တဲ့ ကန့်သက်ဆိုရင် လမ်းလေးပဲခြားတာ၊ စစ်ကူမလာဘူး၊ သူတို့က လက်နက် ချင်း ဆိုရင် ကြောက်နေတာ၊ လက်နက်မရှိတဲ့ပြည်သူတွေဆိုရင်သာ အနိုင်ကျင့်တာ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ နှင့်နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...