Wednesday 20 September 2023

KNU တပ်မဟာ ၁ နယ်မြေရှိ စစ်ကောင်စ်ီ လက်အောက်ခံ BGF စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ၊ Federal Wings က KNU တပ်မဟာ ၁ နယ်မြေအထိ တိုးချဲ့ပြီး စတင်တိုက်ပွဲဝင်နေ


 KNU တပ်မဟာ ၁ နယ်မြေရှိ စစ်ကောင်စ်ီ လက်အောက်ခံ BGF စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ၊ Federal Wings က KNU တပ်မဟာ ၁ နယ်မြေအထိ တိုးချဲ့ပြီး စတင်တိုက်ပွဲဝင်နေ


ရန်ကုန်၊ စက်တင်ဘာ ၂၀ 


ကရင်ပြည်နယ်၊ KNU တပ်မဟာ ၁ နယ်မြေရှိ စစ်ကောင်စ်ီ လက်အောက်ခံ BGF စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကြောင်း Federal Wings တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ 


စက်တင်ဘာလ ၁၃ ရက်နေ့တွင် Federal Wings ဒရုန်းတပ်ဖွဲ့က KNU/ KNLA တပ်မဟာ(၁) တပ်မဟာဒရုန်းတပ်ဖွဲ့နှင့် အတူပူးပေါင်းပြီး သထုံခရိုင်၊ တပ်ရင်း(၃) နယ်မြေအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ BGF နတ်ကြီး စခန်းကို ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ၊ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှု များ အတွင်း စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင် ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးသေဆုံးကြောင်း သိရှိရသည်။ 


စစ်ဆင်ရေးတွင် KNU/KNLA တပ်ဖွဲ့ဝင်များနှင့် Federal Wings တပ်ဖွဲ့ဝင် များအားလုံး ဘေးရန်ကင်းရှင်းကြောင်း၊ Federal Wings တပ်ဖွဲ့သည် တပ်မဟာ ၆ နယ်မြေတွင် အခြေစိုက် စတင်ခဲ့သော်လည်း ယခုအခါ KNU တပ်မဟာ ၁ အထိ ဖြန့်ကျက်တိုက်ပွဲဝင်နေပြီဖြစ်ကြောင်း သိရှိရသည်။ 


ယခုစက်တင်ဘာလ ၃ ရက်နေ့တွင် မြ၀တီမြို့ပေါ်ရှိ စစ်ကောင်စီရုံးကို ဒရုန်းဖြင့် ဗုံးကျဲခဲ့ရာ စစ်တပ်နှင့်ရဲဘက်မှ အရာရှိကြီးများ၊ အုပ်ချုပ်ရေးအရာရှိများ သေ ဆုံး စေခဲ့သော တိုက်ခိုက်မှုမှာ Federal Wings တပ်ဖွဲ့က ဆောင်ရွက် ခဲ့သော မစ်ရှင်ဖြစ်ကြောင်း သိရှိရသည်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...