Friday 13 October 2023

ကော့ကရိတ် မြို့နယ်၊ မြဝတီ-အာရှလမ်းမကြီးပေါ်ရှိ စစ်တပ်ဂိတ်ကို စနိုက်ပါ ဖြင့် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး


 ကော့ကရိတ် မြို့နယ်၊ မြဝတီ-အာရှလမ်းမကြီးပေါ်ရှိ စစ်တပ်ဂိတ်ကို စနိုက်ပါ ဖြင့် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး


ရန်ကုန်၊ အောက်တိုဘာ ၁၃ 


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်ရှိ အကြမ်းဖက်စစ် ကောင်စီ စခန်းကို စနိုက်ပါ၊ ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ ကြောင်း ဒေါနစစ်ကြောင်းမှ ပြောရေးဆိုခွင့်ရှိသူ ဒုစစ်ကြောင်းမှူးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။


အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီခွဲခန့်အချိန် မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်၌ ကော့ကရိတ် မြို့နှင့်တောနော်ရေတံခွန်အကြား အကြမ်းဖက်စစ်သား ၂၀ ခန့်ဖြင့် ဂိတ်ဖွင့်ပြီး ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်နေသော တပ်မ ၂၂ ၊ ၂၀၁ တပ်ရင်းမှ တပ် သားများကို ပြောက်ကျား စစ်ဆင်ရေး စနိုက်ပါ မစ်ရှင်အဖြစ် စနိုက်ပါ ပွိုင့် ၃၃၈ ၊ ၄၀ မမတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။


“ကော့ကရိတ်မြိုနယ်ထဲက ကော့ကရိတ်နဲ့ တောနော်ရေတံခွန်ကြားမှာ ဖွင့်ထားတဲ့ ဆက်ကြေးဂိတ်ပါ၊ ဒေါနနဲ့ KNLA ပူးပေါင်းအဖွဲ့တွေက Sniper Mission အဓိထား သွားလုပ်ကြတာပါ၊” ဟု ဒေါနစစ်ကြောင်း မှ ပြောရေးဆိုခွင့်ရှိသူ ဒုစစ်ကြောင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ ၊ ဒေါနစစ်ကြောင်း နှင့် KNLA မဟာမိတ်ပူးပေါင်းအဖွဲ့ တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ ၈၁ မမ၊ စက်လက်၊ MA လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များ၊ မိဘပြည်သူများ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စနိုက်ပါ တပ်သားတချို့၏ စစ်ရေးပြ လေ့ကျင့်မှု။ (ပုံအဟောင်းဖြစ်ပါသည်။)

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...