Sunday 8 October 2023

ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး


 ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး


ရန်ကုန်၊ အောက်တိုဘာ ၈ 


စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ၁၆ ကုတင်ဆန့် တိုက်နယ်ဆေးရုံ အနီး တွင် အကြမ်းဖက်စစ် ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Brother Defense Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။


ယမန်နေ့ အောက်တိုဘာလ ၇ ရက် နံနက် ၈ နာရီခန့် ဝမ်ပေါင်- ယန်စီ ကုမ္ပဏီ အတွင်းမှ ထွက်လာသော အင်အား ၃၀ ခန့်ရှိ အကြမ်းဖက်စစ်သားများကို ဆား လင်း ကြီးမြို့နယ်၊ ၁၆ ကုတင်ဆန့်တိုက်နယ် ဆေး ရုံ အနီးအရောက် မိုင်းဆွဲ တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန် ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။


“ဝမ်ပေါင်-ယန်စီကနေ အင်အား ၃၀ လောက်နဲ့ ထွက်လာပြီး ကင်းယူတာ၊ ACID စက်ရုံလာဖို့ ကင်းတဲ့ စစ်သားတွေကို မိုင်းဆွဲခဲ့တာပါ၊ လမ်းပေါ်မှာ ကင်းယူ ပြီးတော့ လမ်းသွားလမ်းလာပြည်သူတွေကို စစ်တယ်၊ အဲလိုလုပ် နေတာ၊ အဲဒီကင်းစစ်သားတွေကို မိုင်းဆွဲခဲ့တာပါ၊ မိုင်းဆွဲပြီးတော့ ရမ်းသမ်း ပစ်တာ မျိုးတော့ရှိတယ်၊ ပြည်သူတွေဖမ်းဆီးတာမျိုးတော့ မရှိဘူး၊ ထိခိုက်တာ လည်း မရှိပါဘူး၊” ဟု Brother Defense Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ ၁ Brother Defense Force နှင့် မဲမှောင် ပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ယင်းမာပင် - ဆား လင်းကြီး - ကနီ - ပုလဲ နယ် တို့ကို တောက်လျှောက်စစ်ကြောင်းထိုးနေသဖြင့် လက်နက်ခဲယမ်းများစွာ လို အပ်နေပြီး မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းထောက်ပံ့ပေးကြပါရန် မေတ္တာ ရပ်ခံ တိုက်တွန်းထား သည်။

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...