Tuesday, 10 October 2023
Breaking News- KIA/KIO ဌာနချုပ်ရှိရာ လိုင်ဇာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကလေးငယ် ၁၃ ဦး အပါအဝင် ပြည်သူ ၃၂ ဦး သေဆုံး
Breaking News- KIA/KIO ဌာနချုပ်ရှိရာ လိုင်ဇာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကလေးငယ် ၁၃ ဦး အပါအဝင် ပြည်သူ ၃၂ ဦး သေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၁၀
ကချင်ပြည်နယ်၊ KIA/KIO ဌာနချုပ်ရှိရာ လိုင်ဇာသို့ စစ်ကောင်စီတပ်က လက် နက်ကြီးများဖြင့် ပစ်ခတ်ရာ ကလေးငယ် ၁၃ ဦး အပါအဝင် ပြည်သူ ၃၂ ဦး ထက် မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူလည်းများပြား ကြောင်း KIA သတင်း ရင်းမြစ်နှင့် လိုင်ဇာဒေသခံတချို့ထံမှ သိရှိရသည်။
အောက်တိုဘာလ ၉ ရက်နေ့ ည၁၁ နာရီကျော်အချိန် စစ်တပ်က လက်နက် ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ယနေ့ နံနက် ၁ နာရီအချိန်တွင် လက်နက်ကြီးကျည်သည် လိုင်ဇာရှိ အရပ် သားပြည်သူများနှင့် စစ်ဘေးရှောင် ပြည်သူများ နေထိုင်ရာ မုန်လိုင်ချက် စစ်ဘေးရှောင်စခန်းသို့ ကျရောက်ပြီး ကလေးငယ် ၁၃ ဦး၊ အမျိုးသမီးများ အပါအဝင် ပြည်သူ ၃၂ ဦး သေဆုံးကြောင်း၊ ဒဏ်ရာရရှိသူလည်း များပြားကြောင်း သိရှိရသည်။
"မနေ့ည သန်းခေါင်ယံချိန်မှာ လက်နက်ကြီးတွေ တောက်လျှောက်ပစ်တာမှာ အရပ်သားပြည်သူတွေနေထိုင်တဲ့ စစ်ဘေးရှောင် Camp ဘက်ကို လက်နက် ကြီး ကျပြီး သေဆုံးသူများတယ်။ ကလေးတွေ ရော အမျိုးသမီးတွေရော အများ ကြီး သေတာ။ ၃၂ ဦး အတည်ပြုနိုင်ပြီ။ ကလေး ၁၃ ဦးပါတယ် " ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သော မုန်လိုင်ချက်စစ် ဘေးရှောင် စခန်းသည် လိုင်ဇာမြို့နှင့် ၂ မိုင်အကွာတွင် တည်ရှိကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
-
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
-
လှဂွန်းပျို စခန်းကို သိမ်းရာမှာ ဗိုလ်မှုးအပါအဝင် ၁၆ ဦး လက်နက်ချ နိုင်ပကောင်း၊ဟန်နွေ /People's Spring ဖာပွန် - ဘီးလင်း ကားလမ်းမ အနီးက စ...
-
ဗန်းမော်၊ အမ်းကို သိမ်းယူပြီးနောက် …………………………… ကချင်ပြည်နယ်၊ ဒုတိယမြို့တော် ဖြစ်တဲ့ လူဦးရေ ၅ သောင်းကျော်နေထိုင်ရာ ဗန်းမော်မြို့ကို ကချင်လွတ...

No comments:
Post a Comment