Wednesday 11 October 2023

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အရပ်ဝတ်ဖြင့် သွားလာ သတင်း စုံစမ်း နေသည့် နယ်ထိန်းရဲ မိုးစန်းဦးကို Generation Z Power မြို့ပြပြောက်ကျား တပ်ဖွဲ့က ပစ်ခတ်မှု ပွဲချင်းပြီး သေဆုံး


 မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အရပ်ဝတ်ဖြင့် သွားလာ သတင်း စုံစမ်း နေသည့် နယ်ထိန်းရဲ မိုးစန်းဦးကို Generation Z Power မြို့ပြပြောက်ကျား တပ်ဖွဲ့က ပစ်ခတ်မှု ပွဲချင်းပြီး သေဆုံး


ရန်ကုန်၊ အောက်တိုဘာ ၁၁ 


မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် အမှတ် ၄ နယ်မြေ ရဲစခန်းမှ နယ်ထိန်း ရဲ မိုးစန်းဦးကို Generation Z Power မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရာ နယ်ထိန်းရဲမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း Generation Z Power - GZP ( Mandalay)ထံမှ သိရှိရသည်။ 


အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၃၂ မိနစ်အချိန် မန္တလေးတိုင်း၊ အောင်မြေသာစံမြို့ နယ်၊အမရဌာနီအရှေ့ရပ်ကွက်၊၉လမ်း၊ ၇၉×၈၀ လမ်းကြား တွင် အမှတ် ၄ နယ်မြေရဲစခန်းမှ နယ်ထိန်း ရဲတပ်သား မိုးစန်းဦးသည် ဆိုင် ကယ် ဖြင့် သွားလာနေစဉ် မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ် ရာမှ ပွဲချင်း ပြီး သေဆုံးသွားကြောင်း သိရှိရသည်။ 


"နယ်ထိန်းရဲက ညနေပိုင်း အရပ်ဝတ်နဲ့ လုံခြုံရေး ကင်းလှည့်တဲ့သဘောမျိုး သွားလာနေတုန်း ပစ်ခတ်ခံရတယ်။ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးပါတယ်။ ဆိုင်ကယ်ချင်း နောက်ကလိုက်ပြီး ခေါင်းကို တေ့ပစ်သွားတာပါ။ နယ်ထိန်းရဲကို စောင့်ကြည့်နေတဲ့သဘောလို့ ပြောလို့ရပါတယ်" ဟု မန္တလေးရဲသတင်းရင်း မြစ်က ပြောဆိုသည်။ 


နယ်ထိန်းရဲကို ပစ်ခတ်သွားသည့် လူငယ်တချို့ကိုလည်း ဖမ်းဆီး ရရှိခြင်း မရှိ သေး ဘဲ မန္တလေးမြို့ခံများ၏ အဆိုအရ စစ်တပ်က ယမန်နေ့ ညနေပိုင်း ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...