Saturday 14 October 2023

KNU ဒူးပလာယာခရိုင်တွင် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၇၉ ဦးသေဆုံးပြီး စစ်စခန်း ၁ ခုသိမ်းပိုက်နိုင်ခဲ့


 KNU ဒူးပလာယာခရိုင်တွင် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၇၉ ဦးသေဆုံးပြီး စစ်စခန်း ၁ ခုသိမ်းပိုက်နိုင်ခဲ့


ရန်ကုန်၊ အောက်တိုဘာ ၁၄ 


ကရင်ပြည်နယ်၊ KNU ဒူးပလာယာခရိုင်၊ အမှတ် ၆ တပ်မဟာအတွင်း၌ စက်တင်ဘာလ အတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၅၁ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၇၉ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟို က ထုတ်ပြန်ထားသည်။ 


စက်တင်ဘာလ ၁ ရက် မှ ၃၀ ရက်အတွင်း ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ အတွင်း၌ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း ၅၁ ကြိမ် ဖြစ်ပွား ခဲ့ကြောင်း၊ ယင်းတိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပြီး လက်နက် ခဲယမ်းမြောက်များစွာ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။


အဆိုပါ တစ်လတာ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ခရိုင်မှူး ၁ ဦး၊ ရတ ခလရ ၁၇၅ ယာယီ တပ်ရင်းမှူး ၁ ဦး၊ ရဲအုပ် ၁ ဦး၊ ထွေအုပ် အကြီးတန်းစာရေး ၁ ဦး၊ တပ်ကြပ် ၁ ဦး၊ တပ်ခွဲ အရာခံဗိုလ် ၁ ဦး နှင့် တပ်ခွဲ ဒု အရာခံဗိုလ် ၁ ဦးအပါအဝင် ၇၉ ဦး သေဆုံးခဲ့ပြီး ခရိုင် ဒုရဲမှူး ၂ ဦး၊ ရဲ ဒုတပ်ကြပ် ၃ ဦး၊ ဒုရဲအုပ် ၃ ဦး နှင့် ရဲတပ်သား ၂ ဦး အပါအဝင် ၄၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။


ယင်းတိုက်ပွဲများအတွင်း KNLA ၊ KNDO - တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော် ၂ ဦး တိုင်းပြည်နှင့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ၅ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။


ဒူးပလာယာခရိုင် အတွင်း ဝင်ရောက် လှုပ်ရှားနေသော အကြမ်းဖက် စစ်ကောင်စီ တပ် များသည် ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး ညှင်းပန်းနှိပ်စက်ခြင်း၊ ပြည်သူပိုင် နေအိမ် များအား ဝင်ရောက် မွှေနှောက် ဖျက်ဆီး ပစ္စည်းများ ယူဆောင်သွားခြင်း နှင့် ပြည်သူနေ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းဖြင့် သော်လည်းကောင်း၊ ရမ်းသမ်း ပစ်ခတ်ခြင်း ဖြင့် သော်လည်းကောင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှု နှင့် စစ်ရာဇဝတ်မှုများအား နေ့စဉ်နှင့် အမျှ ကျူးလွန်လျက် ရှိကြောင်း သိရသည်။


Photo - စက်တင်ဘာလ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ရေတလျောက်စခန်းကို သိမ်းပိုက်စဥ်က ရရှိခဲ့သော လက်နက်ခဲယမ်းများ။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...