Saturday 7 October 2023

သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် NUCC တို့ကို နိုဘယ်လ်ငြိမ်းချမ်းရေး ဆုအတွက် အဆိုပြု အမည်စာရင်းတင်သွင်းခံရမှု နွေဦးတော်လှန်ရေးကို ကမ္ဘာက အသိအမှတ်ပြုမှု အဖြစ် ဂုဏ်ယူဟု NUCC ပြောခွင့်ရ ခွန်မြင့်ထွန်း ပြောဆို


 သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် NUCC တို့ကို နိုဘယ်လ်ငြိမ်းချမ်းရေး ဆုအတွက် အဆိုပြု အမည်စာရင်းတင်သွင်းခံရမှု နွေဦးတော်လှန်ရေးကို ကမ္ဘာက အသိအမှတ်ပြုမှု အဖြစ် ဂုဏ်ယူဟု NUCC ပြောခွင့်ရ ခွန်မြင့်ထွန်း ပြောဆို 


ရန်ကုန်၊ အောက်တိုဘာ ၆ 


ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် NUCC တို့ကို ၂၀၂၃ ခုနှစ်၏ နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်း တင်သွင်းခံရမှု အပေါ် နွေဦးတော်လှန်ရေးကို ကမ္ဘာက အသိအမှတ်ပြုမှု အဖြစ် ဂုဏ်ယူပါ ကြောင်း NUCC ၏ ပြောခွင့်ရပုဂ္ဂိုလ် ခွန်မြင့်ထွန်းက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။  


မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် NUCC တို့သည် နိုဘယ်ငြိမ်းချမ်းရေး ဆု အဆိုပြု အမည်စာရင်းတွင် နံပါတ် ၄ နေရာမှ ပါဝင်လာခြင်းဖြစ်ပြီး ငြိမ်းချမ်း ရေးနှင့် ဒီမိုကရေစီရေး ကြိုးပမ်းအားထုတ်မှုများကြောင့် ထိုသို့ အမည် စာရင်းတင်သွင်းခံရခြင်းဖြစ်ကြောင်း သိရှိရသည်။ 


“နိုဘယ်ငြိမ်းချမ်းရေးဆုကို နံပါတ် ၄ နေရာကနေ အဆိုပြုခံရတာ ဝမ်းမြောက် ဝမ်းသာဖြစ်ပါတယ်။ ဆုရသည် ဖြစ်စေ ဆုမရသည်ဖြစ်စေ တိုင်းပြည်အတွက် ရော အရှေ့တောင်အာရှအတွက်ရော ကမ္ဘာကြီးအတွက်ရော ဝမ်းမြောက် ဂုဏ်ယူ ရပါတယ်” ဟု NUCC ကောင်စီဝင် ခွန်မြင့်ထွန်းက ရန်ကုန်ခေတ်သစ် သတင်း ဌာနသို့ပြောကြားသည်။ 


မြန်မာ့နွေဦးတော်လှန်ရေးသည် သာမန်တော်လှန်ရေးမဟုတ်ဘဲ တိုင်းပြည်၏ ခေတ်ပြောင်း စနစ်ပြောင်း System Change ဖြစ်ပေါ်လာစေရန် တော်လှန်နေ သည့် တော်လှန်ရေးဖြစ်ကြောင်း၊ ကမ္ဘာကြီးသည် စစ်အာဏာရှင်နှင့် စစ် အာဏာ ရှင်စနစ်ကို ဆန့်ကျင်နေသည့် နွေဦးတော်လှန်ရေးကို နိုဘယ်ဆု စာရင်းတွင် ထည့်သွင်းသည်ဟု မှတ်ယူကြောင်း၊ ခေတ်ပြောင်း စနစ်ပြောင်း System Change ကို ဆောင်ရွက်နေခြင်းကို ကမ္ဘာက လေးစားအသိအမှတ် ပြုခြင်း ဟု နားလည်ပြီး ကမ္ဘာ့ဒီမိုကရေစီတော်လှန်ရေး၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သည့် နွေဦးတော်လှန်ရေးသည် မလွဲမသွေ အောင်မြင် မည်ဖြစ် ကြောင်း NUCC ကောင်စီဝင် ခွန်မြင့်ထွန်းက ပြောဆိုသည်။ 


“ဒီလို အမည်စာရင်းတင်သွင်းခံရခြင်းဟာ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီနဲ့ ဦးကျော်မိုးထွန်းတို့ပဲ မဟုတ်ပါဘူး။ နွေဦးတော်လှန်ရေးမှာ ပါဝင်ဆင်နွှဲနေကြတဲ့ ပြည်သူလူထုတစ်ရပ်လုံး၊ လူထုလူတန်းစား အလွှာပေါင်း စုံက တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံး ဒါကို ကိုယ်စားပြု ပြီး တစ်ရပ်လုံးကို ဂုဏ်ပြုတာဖြစ်ပါတယ်” ဟု NUCC ကောင်စီဝင် ခွန်မြင့်ထွန်း က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ 


နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်း စုကြည်က ၁၉၉၁ ခုနှစ်တွင် ချီးမြှင့်ခံခဲ့ရပြီး ၃၂ နှစ်အကြာ ၂၀၂၃ ခုနှစ်တွင် သံအမတ်ကြီး ဦး ကျော် မိုး ထွန်းနှင့် NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ တို့ နိုဘယ်ဆု အတွက် အဆိုပြု အမည်စာရင်း တင်သွင်းမှုတွင် ပါဝင်လာခြင်း ဖြစ် ကြောင်း သိရှိရသည်။

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...