Monday 13 November 2023

သိန္နီကို စစ်ကူလာသော စစ်တပ်ယာဥ်တန်းကို TNLA က တိုက်ခိုက်မှု တပ်ကြပ်ကြီး ၁ ဦး အရှင်ဖမ်းမိပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိ


 သိန္နီကို စစ်ကူလာသော စစ်တပ်ယာဥ်တန်းကို TNLA က တိုက်ခိုက်မှု တပ်ကြပ်ကြီး ၁ ဦး အရှင်ဖမ်းမိပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိ


ရန်ကုန်၊ နိုဝင်ဘာ ၁၃


ရှမ်းပြည်နယ်၊ သိန္နီကို စစ်ကူလာသော စစ်တပ်ယာဥ်တန်းကို TNLA က တိုက်ခိုက်မှု တပ်ကြပ်ကြီး ၁ ဦး အရှင်ဖမ်းမိပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိကြောင်း TNLA က ထုတ်ပြန်ထားသည်။


နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် လားရှိုးမြို့ စစ်ကောင်စီတပ်မှ သိန္နီဘက် ၁၂ မိုင်ကို စစ်ကူပို့ဆောင်ချိန် တအာင်းတပ်မတော် PSLF/TNLA က ပစ်ခတ် ဖြတ်ယူ တိုက်ခိုက်ခဲ့ပြီး စစ်ကား ၁ စီးကို မီးရှို့ပြီးကာ စစ်ကောင်စီ တပ်ကြပ်ကြီး ၁ ဦးနှင့် လက်နက် ၂ လက်ဖြင့် ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။


နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်တွင် နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ စခန်းသစ်ကုန်းကို တအာင်းတပ်မတော် PSLF/TNLA က ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။


အကြမ်းဖက် စစ်တပ်က နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၈ နာရီခန့်တွင် နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ စခန်းသစ်ကုန်းမှ နမ့်ခမ်းမြို့တွင်း ရဲစခန်းနှင့် စာရေးတန်းရပ်ကွက်၊ ပတ္တမြားခန်းမဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပတ္တမြားခန်းမကို ထိမှန် မီးလောင်ခဲ့ကြောင်း၊ နိုဝင်ဘာ ၁၁ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သာယာကုန်းရပ်ကွက်တွင် လူနေအိမ် ၃ လုံး ထိမှန်‌ မီးလောင်ခဲ့ကြောင်း၊ ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ် တွင်လည်း မန်အောင်ကျေးရွာဘက်ကို စစ်တပ်က လက်နက်ကြီးဖြင့် ၃ ကြိမ်၊ ဆာလူကျေးရွာသို့ ၁ ကြိမ်၊ ဖာလင်ကျေးရွာသို့ ၁ ကြိမ်၊ မန်ဝေါကျေးရွာသို့ ၁ ကြိမ်၊ လွယ်ဟွမ်ကျေးရွာသို့ ၁ ကြိမ်နှင့် မန်လုံကျေးရွာဘက်တွင် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...