Friday 3 November 2023

လားရှိုးမြို့နယ်၊ မိုင်းကျက်တပ်စခန်းအတွက် စစ်ကောင်စီတပ်က ထောက်ပို့လေယဥ်ဖြင့် ချပေးသည့် လက်နက်ခဲယမ်း ၅ သေတ္တာလုံးကို TNLA က ပစ်ခတ်ဖြတ်ယူနိုင်ခဲ့


 လားရှိုးမြို့နယ်၊ မိုင်းကျက်တပ်စခန်းအတွက် စစ်ကောင်စီတပ်က ထောက်ပို့လေယဥ်ဖြင့် ချပေးသည့် လက်နက်ခဲယမ်း ၅ သေတ္တာလုံးကို TNLA က ပစ်ခတ်ဖြတ်ယူနိုင်ခဲ့


ရန်ကုန်၊ နိုဝင်ဘာ ၃ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်းကျက်တပ်စခန်းအတွက် စစ်ကောင်စီတပ်က ထောက်ပို့လေယဥ်ဖြင့် ချပေးသည့် လက်နက်ခဲယမ်း ၅ သေတ္တာလုံးကို TNLA က ပစ်ခတ်ဖြတ်ယူနိုင်ခဲ့ကြောင်း TNLA က ပြောသည်။ 


နိုဝင်ဘာလ ၃ ရက်နေ့ TNLA က ဆောင်ရွက်လျက်ရှိသော စစ်ဆင်ရေးများအတွင်း ယင်းသို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


 ၁၀၂၇ စစ်ဆင်ရေးအဖြစ်၊ နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသော ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော်က ယနေ့ နံနက်ပိုင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက် ခဲယမ်းနှင့် ကျည်ဆံများစွာနှင့် စစ်အသုံးအဆောင်ပစည်းများ သိမ်းဆည်းရခဲ့မိကြောင်း၊ ထို့ပြင် မိုးမိတ်မြို့နယ်ရှိ၊ စစ်ကောင်စီ၏ ခွန်ခါတပ်စခန်းကို နိုဝင်ဘာလ ၃ရက်နေ့ နံနက်ပိုင်း တွင် တအာင်းတပ်မတော် PSLF/TNLA မှ သွားရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းအတွင်း စစ်အသုံးအဆောင်ပစ္စည်းများနှင့် ရိက္ခာများ သိမ်းဆည်းရခဲ့မိကြောင်း သိရှိရသည်။ 


အလားတူ မန်တုံမြို့တွင် စစ်ကောင်စီ+ ပ.သ.စ စခန်းကို တအာင်းတပ်မတော် PSLF/TNLA က ယနေ့ နံနက်ပိုင်း သွားရောက်တိုက်ခိုက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မန်တုံမြို့တွင် စစ်ကောင်စီ ရဲစခန်းကိုလည်း တအာင်းတပ်မတော် PSLF/TNLA က ယနေ့ နံနက်ပိုင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...