Saturday, 2 December 2023

ရှမ်းမြောက်ဒေသ ကုန်းကြမ်း လောက်ကိုင်၊ ရှင်ဖျင်ဂိုင်း အခြေစိုက် ရှေ့တန်း စကခ (၁၂) စကခမှူး အောင်ဇော်လင်း ရှေ့တန်းမှာ ထွက်ပြေးတိမ်းရှောင်


ရှမ်းမြောက်ဒေသ ကုန်းကြမ်း လောက်ကိုင်၊ ရှင်ဖျင်ဂိုင်း အခြေစိုက် ရှေ့တန်း စကခ (၁၂) စကခမှူး အောင်ဇော်လင်း ရှေ့တန်းမှာ ထွက်ပြေးတိမ်းရှောင်


စကခမှူး အောင်ဇော်လင်းဟာ တပ်တွေနဲ့ အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေတာ ၁၀ ရက်နီးပါးရှိပြီလို့ သိရပြီး ဖြစ်စဉ်အမှန်ကတော့ ခွင့်မဲ့ထွက်ပြေးသွားတာပါ။ ဒါပေမယ့်လည်း အဆက်အသွယ်ပြတ်နေတယ်လို့ ခေါင်းစဉ်တပ်ပြီး လိုက်လံဆက်သွယ်နေကြတာဖြစ်ကြောင်း သိရပါတယ်။ ပျောက်ဆုံးနေတဲ့ စကခမှူးဟာ DSA 41 ဆင်းဖြစ်ပြီး ဗိုလ်မှူးကြီးအဆင့်ရှိ ယာယီ စကခမှူးဖြစ်ပါတယ်။ 


ဒီလို တိမ်းရှောင်သွားတဲ့ဖြစ်စဉ်ကြောင့် ရှေ့တန်း စကခ ၁၂ ကို နည်းဗျူဟာမှူးတယောက် ကွပ်ကဲ တိုက်ခိုက်နေရကြောင်း သိရပါတယ်။ စကခ ၁၂ ဟာ တပ် ၂ ခု ပေါင်းထားတာဖြစ်ပြီး G1 အဆင့် ဦးဆောင်တဲ့ အင်အား ၁၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ 


ရှမ်းမြောက်ဒေသ ကုန်းကြမ်း လောက်ကိုင်၊ ရှင်ဖျင်ဂိုင်းဒေသမှာရှိတဲ့ ရှေ့တန်း စကခ ၁၂ ဟာ မဟာမိတ်တွေနဲ့ ဝေးရာမှာ တိမ်းရှောင်နေပြီး မဟာမိတ်တွေရဲ့ပိတ်ဆို့ခြင်း ခံထားရပါတယ်။ အထက်အရာရှိကြီးတွေထံကို စစ်ကူနဲ့ ရိက္ခာတွေ ပေးပို့ပေးဖို့ တောင်းဆိုထားပေမယ့် လက်ရှိအချိန်ထိ မပို့နိုင်သေးဘဲ ဖြတ်တောက်ခံထားရတယ်လို့ သိရပါတယ်။ စကခ ၁၂ မှာ လေဖြတ်ထားတဲ့ ဗိုလ်မှူးတယောက်အပါအဝင် ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ကိုလည်း ခုထိ ဆေးကုသမှု မပေးနိုင်သေးဘဲ ဒဏ်ရာကြောင့် သေဆုံးသွားသူတချို့လည်း ရှိနေကြောင်း သိရပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF insight ကို ကြည့်ရှုပါ။


#PDFInsight 

No comments:

Post a Comment

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...