Monday 18 December 2023

ချင်းနှင့် မကွေး နယ်စပ်ရှိ စစ်တပ်၏ ဘုံဇုန်းစခန်းကို ချင်းတော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၆ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် ၆ ဦးအရှင် ဖမ်းမိထား


 ချင်းနှင့် မကွေး နယ်စပ်ရှိ စစ်တပ်၏ ဘုံဇုန်းစခန်းကို ချင်းတော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၆ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် ၆ ဦးအရှင် ဖမ်းမိထား


■ ဘုံဇုန်းစခန်းကို စွန့်ခွာ ထွက်ပြေးသွားသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံဖမ်းဆီးနေ 


ရန်ကုန်၊ ဒီဇင်ဘာ ၁၈


ချင်းပြည်နယ်နှင့် မကွေးတိုင်း နယ်စပ်ရှိ အကြမ်းဖက် စစ်တပ်၏ ဘုံဇုန်းစခန်းကို ချင်းတော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးကာ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၆ ဦးအရှင် ဖမ်းမိထားကြောင်း Chinland Defense Force-Hakha ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းငွန်ဆန်းအောင် က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဒီဇင်ဘာလ ၁၇ ရက်နေ့က စတင်ကာ ဟားခါးမြို့နယ်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်း နယ်စပ်ရှိ အကြမ်းဖက် စစ်တပ်၏ ဘုံဇုန်းစခန်းကို ချင်းတော်လှန်ရေး တပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ ဒီဇင်ဘာလ မွန်းလွဲ ၁၂ နာရီခန့်တွင် အဆိုပါ တပ်စခန်းကို အပြီးတိုက်ခိုက် သိမ်းပိုက်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။


အဆိုပါ တိုက်ပွဲအတွင်း စစ်သား ၆ ဦးသေဆုံးကာ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၆ ဦးကို အရှင် ဖမ်းဆီးထားပြီး စခန်းစွန့်ခွာ ထွက်ပြေး သွားသော စစ်သားများကိုလည်း လိုက်လံရှာဖွေဖမ်းဆီးနေကြောင်း၊ ထို့ပြင် လက်ရှိချိန်ထိ နယ်မြေရှင်းလင်းရေး ပြုလုပ်နေပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်နှင့် သိမ်းဆည်းရမိသော လက်နက် အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။


" အဲဒီ ဘုံဇုန်းစခန်းဆိုတာက မကွေးနဲ့ ချင်းပြည်နယ် ကြားမှာပေါ့။ စခန်းက ချင်းပြည်နယ်ထဲမှာဆိုပေမယ့် ဂန့်ဂေါ ချင်းပြည်နယ်ရဲ့ နယ်စပ်ဂိတ်လို့ ပြောလို့ရတယ် ကျွန်တော်တို့ ချင်းပြည်နယ် ဟားခါးမြို့တော်အတွက်တော့ တကယ် အချက်အခြာကျတဲ့ နေရာဖြစ်တယ်။ မန္တလေး-ဟားခါး လမ်းမကြီး ချင်းပြည်နယ်ထဲက လမ်းမကြီး ဖြစ်နေတဲ့ အတွက်ကြောင့် ဒီဂိတ်မှာ စစ်ကောင်စီတပ်သားတွေက နေရာယူပြီးတော့ ခရီးသွား ခရီးလာတွေကော စားနပ်ရိက္ခာက အစ အကုန်လုံး သယ်ယူပို့ဆောင်ရေးအတွက် တကယ်ပဲ ကျွန်တော်တို့အတွက် အဟန့်အတားဖြစ်တယ်။ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေကို ချဲ့နိုင်တဲ့ အနေအထားဖြစ်သလို ကျွန်တော်တို့ ချင်းပြည်နယ် လုံခြုံရေးအတွက် ဒီဟာက တကယ် အချက်အခြာကျတဲ့ နေရာဖြစ်နေတော့ ဒီနေရာကို ဝင်သိမ်းလိုက်ရခြင်းက တကယ့်ကိုပဲ အရေးကြီးတယ်။ ဂုဏ်လည်း ဂုဏ်ယူစရာဖြစ်နေတယ်။ အခု ဒီစခန်းကို သိမ်းလိုက်ပြီဆိုတော့ ချင်းပြည်နယ်မြောက်ပိုင်းဘက်မှာ တပ်စခန်း တစ်ခုမှ မရှိတော့ဘူးလို့ ပြောလို့ရတယ်" ဟု Chinland Defense Force-Hakha ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းငွန်ဆန်းအောင် က ပြောဆိုသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...